Part 22

289 38 2
                                        

{ Unicode }

" ပျော်ရဲ့လား ကလေး...."

" ဟုတ် ကိုကို.... အရမ်းပျော်တယ်...."

ဂျီဝန်ရဲ့အဖြေကြောင့် ကိုကို့မျက်နှာလေးပြုံးသွားလေသည် ။ ကိုကိုပြုံးရင် နေမင်းရဲ့အလင်းရောင်လိုပဲနွေးထွေးလွန်းလှသည်ဘယ်အချိန်ကစပြီးချစ်မိလဲဆိုတာ သတိထားမိခဲ့ပေမယ့် အခုအချိန်မှာ ကိုကို့ကို သူ့အသက်လောက်ချစ်တယ်ဆိုတာကတော့ သေချာလေသည်

ကိုကို သူ့အနားမှာရှိတော့ရင်ဆိုတဲ့အတွေးမျိုးယောင်လို့ တွေးမိရင်တောင် နှလုံးသားတစ်ခုလုံးဆွဲစုပ်ခံရသလို နာကျင်လေသည် ။ သူ့ဘဝတစ်လျှောက်လုံး ကိုကိုနဲ့သာအတူနေချင်မိသည်

ဆိုးလ်မြို့ကိုကျော်လာတာ‌နဲ့ ပတ်ဝန်းကျင်တစ်ခုလုံး သစ်ပင်လေးတွေစိမ်းစိမ်းစိုစိုနဲ့ကြည့်တာ ရင်ထဲမှာအေးချမ်းသွားလေသည် ။ ကိုကိုကအလိုက်သိစွာနဲ့ ကားမှန်ကိုဖွင့်ပေးတော့ ဂျီဝန် လက်ထုတ်ပြီး တိုက်ခတ်လာတဲ့လေတွေကို ထိတွေ့လိုက်သည်

သန့်ရှင်းလတ်ဆတ်တဲ့လေကြောင့် စိတ်တစ်ခုလုံးလည်း ပေါ့ပါးလန်းဆန်းသွားလေသည် ။ အချိန်ခနအကြာမောင်းပြီးနောက်မှာတော့ အပန်းဖြေအိမ်ကိုရောက်လာလေသည်

ကားရပ်သည်နှင့်ချက်ချင်း အိတ်ကိုဆွဲပြီး ဂျီဝန် ကားပေါ်ကနေပြေးဆင်းလာခဲ့လိုက်သည်တောအုပ်အသေးစားလေးကို နောက်ခံထားတဲ့ အပန်းဖြေအိမ်လေးက သိပ်ကိုလှပလွန်းသည်ဒါကြောင့်လည်း ဒီမှာလာတည်းဖို့ ဘိုကင်ကို မနည်းယူထားခြင်းဖြစ်သည်

Twins And MeDonde viven las historias. Descúbrelo ahora