Part 7

314 49 18
                                        

{ Unicode }

အိပ်ရာကနိုးတာနဲ့ ခေါင်းတစ်ခုလုံး ထုရိုက်ထားသလို ကိုက်ခဲနေတာကြောင့် ထဖို့မနည်းအားယူလိုက်ရလေသည်။

" နိုးပြီလား အမူးသမားကြီး..."

ကုတင်ပေါ်မှာထိုင်နေတုန်းမှာပဲ ဂျီဝန်က ခွက်တစ်လုံးကိုကိုင်ကာအခန်းထဲဝင်လာရင်း ဂျီမင်ကို နောက်လေသည်။

" ခေါင်းတစ်ခုလုံး အုံခဲနေတာပဲ....."

" ဘယ်လောက်တောင်သောက်လာလို့ ဒီလောက်ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာလဲ...."

" တစ်ခွက်တည်း သောက်မိတာ.... "

" ဘာ... တစ်ခွက်တည်းသောက်ပြီး ဒီလောက်တောင်မူးတယ် ဟုတ္လား..."

ဂျီမင်ကိုလက်ညှိုးထိုးပြီး လှောင်ရယ်နေတဲ့ ဂျီဝန်ကိုပြန်ရန်တွေ့ဖို့တောင်အားမရှိခဲ့ပေ။

" ရော့.... ကိုကြီးပေးခိုင်းလိုက်တာ ပျားရည်သောက်လိုက်ဦး..."

" အင်း ကျေးဇူး...."

ဂျီဝန်ကမ်းပေးတဲ့ပျားရည်ကိုယူပြီးသောက်လိုက်တော့မှပဲ လူကနည်းနည်းနေသာထိုင်သာရှိသွားရလေသည်။ ထိုမွသာ အိပ်ရာသိမ်းပြီးရေချိုးခန်းသို့ဝင်ကာ ရေချိုးလိုက်သည်။ ဒီနေ့ကျောင်းပိတ်ရက်ဖြစ်တာကြောင့် ဂျီမင် မနက်အစောကတည်းက ကိုကြီးနဲ့အတူကုမ္ပဏီကိုလိုက်သွားရမည်။

ဂျီမင် ရေချိုးအဝတ်အစားလဲပြီး မနက်စာစားရန်ထွက်လာတော့ ကိုကြီးနဲ့ဂျီဝန်ကမနက်စာစားနေကြပြီဖြစ်သည်။

" နေလို့ကောင်းရဲ့လား ဂျီမင်... အဆင်မပြေရင်မလိုက်ခဲ့နဲ့နော်ရတယ်..."

" ရတယ် ကိုကြီး... ကျွန်တော် ခေါင်းကြည်သွားပါပြီ...."

" အင်း.... ဒီမွာ အမူးပြေဟင်းရည်လေးချက်ထားပေးတယ် ကုန်အောင်စားလိုက်နော်..."

" ဟုတ်ကဲ့ ကိုကြီး..."

ညီအကို ၃ယောက်လုံး တိတ်တဆိတ်ပင် မနက်စာစားလို့ပြီးသွားခဲ့လေသည်။

" ပန်းကန်တွေထားခဲ့လိုက် ဂျီမင်.... မင်းကအလုပ်သွားရမှာဆိုတော့ ငါပဲဆေးလိုက်မယ်...."

Twins And MeWhere stories live. Discover now