🔞🔞🔞{ Unicode }
ဖုန်းကိုဖွင့်ပြီး အဝင် call တွေကိုကြည့်လိုက်ပေမယ့် မျှော်လင့်ထားတဲ့ ဖုန်းက ခေါ်မထားတာကြောင့် ယွန်းဂီ စိတ်ပျက်စွာဖြင့် ဖုန်းကို ကုတင်ပေါ်ပစ်ချလိုက်သည် ။ နက်ကတိုင်ကိုစွဲချွတ်ပြီး စိတ်တိုစွာနဲ့ အခန်းထောင့်ကိုပစ်လိုက်မိသည် ။
ဘယ်လိုတောင် နေနိုင်ရတာလဲ ကလေးငယ်ရယ် ။ ပြန်လာမယ်လို့ပြောထားတဲ့ရက်ထပ် 2 ရက်နောက်ကျနေတာတောင် ထိုကလေးဆီက ဖုန်းတစ်ချက်မှဆက်မလာခဲ့ပေ ။ သူ ဂျပန်ကိုစရောက်ကတည်းက ကလေးငယ်ဆီက ဖုန်းဆက်လာဖို့နေနေသာသာ စာလေးတစ်စောင်တောင် ရောက်မလာခဲ့ပေ ။ အလုပ်တွေပြီးလို့ ဟိုတယ် ပြန်ရောက်တိုင်း ကလေးငယ်များ စာပို့ထားသလားဆိုပြီး အသည်းအသန် စစ်မိသော်လည်း မျှော်လင့်ထားသလိုမဖြစ်တာကြောင့် သူ့မှာပိုပြီး စိတ်မောရလေသည် ။
အစကတော့ သူ့ဘက်ကစပြီးဆက်သွယ်မယ် စိတ်ကူးထားပေမယ့် သူတောင်နေနိုင်တာ ကိုယ်လည်း နေနိုင်အောင် နေမယ်ဆိုပြီး တစ်ယောက်တည်း စိတ်ကောက်ပြီး အဆက်အသွယ်ဖြတ်ထားလိုက်သည် ။ သူသာ မဆက်သွယ်ပဲအကြာကြီးနေရင် ကလေးငယ်က စပြီးဆက်သွယ်လာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးကလည်း အနည်းငယ်ပါတာပေါ့ ။
" ဒေါက်.... ဒေါက် "
ထိုအချိန်မှာပဲ တံခါးခေါက်သံကြားတာကြောင့် ထဖွင့်လိုက်တော့ သူ့ရဲ့အတွင်းရေးမှူးဖြစ်နေလေသည် ။
![](https://img.wattpad.com/cover/290707895-288-k187791.jpg)
YOU ARE READING
Twins And Me
Fanfiction" မင်ဂျီမင်...မင်ဂျီဝန်.. !! " "ဗျာ...""ဗျာ..." "ဗျာ ကိုနောက်မှာထားပြီး လူတွေကအခုချက်ချင်းငါ့ရှေ့လာခဲ့စမ်း...." " မင်ဂျီမင်...မင်ဂျီဝန်.. !! " "ဗ်ာ..." "ဗ်ာ..." "ဗ်ာ...ကိုနောက်မှာထားပြီး လူတွေကအခုချက်ချင်းငါ့ရှေ့လာခဲ့စမ်း...."