Part 5

305 51 8
                                    

{ Unicode }




ဒီနေ့နဲ့ဆို ဂျီမင် ကုမ္ပဏီကိုလာပြီး ယွန်းဂီနဲ့အတူ အလုပ်ဝိုင်းကူပေးနေတာ တစ်လနီးပါးလောက်ရှိနေပြီဖြစ်သည်။ အစကတည်းကဉာဏ်ကောင်းပြီး တော်တဲ့ကလေးဖြစ်တာကြောင့် အလုပ်တွေအားလုံးကိုနားလည်နေပြီဖြစ်လေသည်။ ကုမ္ပဏီလည်ပတ်ပုံတွေ စာရင်းဇယားတွေကိုလည်း ယွန်းဂီသေချာရှင်းလင်းပြောပြပြီး သင်ပေးခဲ့သည်။

မပျင်းမရိနဲ့ နေ့တိုင်းမပျက်မကွက်လာပေးတာကြောင့် ယွန်းဂီရဲ့ရုံးခန်းထဲမှာ ဂျီမင်အတွက်စားပွဲတစ်လုံး ထားပေးထားရသည်။အခုလည်း ယွန်းဂီ ခိုင်းထားတဲ့ လချုပ်စာရင်းတွေကိုကြိုးကြိုးစားစားစစ်နေတဲ့ပုံလေးက ချစ်ဖို့ကောင်းလွန်းတာကြောင့် ယွန်းဂီ ဓာတ်ပုံခိုးရိုက်ထားလိုက်မိသည်။

" ဂျီမင်..."

" ဗ်ာ.... ကိုကြီး..."

ယွန်းဂီ လှမ်းခေါ်လိုက်တော့ စာရင်းတွေစစ်နေရာကနေ မော့ကြည့်ပြီးထူးလေသည်။

" ဘွဲ့ရပြီးရင် ဘာလုပ္မယ္စိတ္ကူးထားလဲ..."

ယွန်းဂီရဲ့အမေးစကားကြောင့် ဂျီမင်ရဲ့မျက်နှာလေးက တွေးတွေးဆဆလေးဖြစ်သွားလေသည်။

" ကျွန်တော် တစ်ခါမှမစဉ်းစားဖူးဘူး ကိုကြီး..."

" ဂျီမင် လုပ်ချင်တဲ့အလုပ်မရှိဘူးလား... ဝါသနာပါတာလေးဘာလေး..."

" ဟင့်အင်း... မရှိဘူး ကိုကြီး..."

" ဒါဆို ဘွဲ့ရပြီးရင် ဘာအလုပ်မှမလုပ်ဘူးပေါ့..."

" အဲ့လိုလည်းမဟုတ်ဘူးလေ... အခုလိုပဲ ကိုကြီးကိုဝိုင်းကူပေးလို့မရဘူးလား..."

နှုတ်ခမ်းလေးစူကာပြောနေတဲ့ ဂျီမင်ရဲ့စားပွဲဝိုင်းနားအထိ လျှောက်သွားလိုက်ပြီး စားပွဲပေါ်မှာ တင်ပါးလွှဲထိုင်လိုက်သည်။

" ရတာပေါ့... ငယ်လေးရဲ့ အခုလိုကြားရတာနဲ့တင် စိတ်ချမ်းသာနေရပြီ..."

" ဒီအလုပ်တွေကို ကိုကြီးတစ်ယောက်တည်းလုပ်နေရတာ.... အရမ်းပင်ပန်းမှာပေါ့နော်..."

စိတ်ပူတဲ့လေသံကလေးနှင့် ပြောနေတဲ့ ဂျီမင်ရဲ့ဆံပင်လေးတွေကို ယွန်းဂီလက်နှင့်အသာလှမ်းဖွလိုက်ရင်း

Twins And MeWhere stories live. Discover now