{ Unicode }
" ကိုကြီး မနက်ဖြန်ကျရင်လေ ကျွန်တော် အကိုဟိုဆော့နဲ့အတူ ပျော်ပွဲစားထွက်မလို့ ခွင့်ပြုပါလား...."
ညစာစားနေကြရင်း ဂျီဝန် မဝံ့မရဲနဲ့ ကိုကြီးကိုတောင်းဆိုလိုက်မိသည် ။ မနက်ဖြန် အလုပ်ပိတ်ရက်ဖြစ်တာကြောင့် ကိုကိုနဲ့အတူ ပျော်ပွဲစားထွက်ရန်တိုင်ပင်ထားခဲ့ကြသည် ။ ကိုကြီး ခွင့်ပြုပေးပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့် ဂျီဝန် ထမင်းတောင် ကောင်းကောင်းမစားနိုင်ပေ ။
" ဘယ်ကိုသွားမှာလဲ..."
" အဝေးကြီးမဟုတ်ပါဘူး ကိုကြီးရဲ့ ဆိုးလ်မြို့ပြင်က အပန်းဖြေစခန်းကိုသွားကြမှာ... အဲ့နေရာက အခုတလောအရမ်းနာမည်ကြီးနေတာလေ ရေကန်ရော တောအုပ်လေးပါ နီးနီးနားနားရှိနေလို့..... မနက်ဖြန်သွားဖို့ကို တစ်ပတ်အလိုလောက်ကတည်းက ဘိုကင်တင်ထားရတာ...."
" အင်းလေ သွားပေါ့.... ညတော့မနက်စေနဲ့နော် စောစောပြန်လာ....."
" တကယ်နော် ကိုကြီး ကျေးဇူးပါ.... စောစောပြန်လာပါ့မယ်..."
လွယ်လွယ်ကူကူပင်ခွင့်ပြုလိုက်တဲ့ ကိုကြီးကြောင့် ဂျီဝန် ဝမ်းသာသွားရသည် ။ ကိုကြီးဆီက အဆူလေးတော့ခံရပြီးမှ ခွင့်ပြုချက်ရမယ်လို့ ထင်ထားခဲ့တာလေ ။
ထမင်းစားပြီးတော့ ဂျီဝန် အခန်းထဲကိုတန်းဝင်ခဲ့ပြီး ကိုကို့ဆီကို ဝမ်းသာအားရဖုန်းဆက်လိုက်သည် ။
YOU ARE READING
Twins And Me
Fanfiction" မင်ဂျီမင်...မင်ဂျီဝန်.. !! " "ဗျာ...""ဗျာ..." "ဗျာ ကိုနောက်မှာထားပြီး လူတွေကအခုချက်ချင်းငါ့ရှေ့လာခဲ့စမ်း...." " မင်ဂျီမင်...မင်ဂျီဝန်.. !! " "ဗ်ာ..." "ဗ်ာ..." "ဗ်ာ...ကိုနောက်မှာထားပြီး လူတွေကအခုချက်ချင်းငါ့ရှေ့လာခဲ့စမ်း...."
