Part 9

337 45 20
                                    

[ Unicode ]

" မင်းမနေ့ကဘာလို့ အိမ္မျပန္တာလဲ..."

မနက်စာအတူစားနေကြရင်း ကိုကြီးက အကိုဟိုဆော့ကိုမေးလိုက်တာကြောင့် အကိုဟိုဆော့မှာ ဟင်းပန်းကန်ကိုလက်လှမ်းနေရာကနေရပ်လိုက်ပြီး ကိုကြီးကိုရယ်ပြလေသည်။

" အဟီး... ငါညကဂျီဝန်နဲ့ဂိမ်းဆော့နေရင်း အရမ်းအိပ်ချင်လာတာနဲ့ အိမ်မပြန်တော့ပဲ ဒီမွာပဲအိပ္လိုက္တာ..."

" မင်းကိုမင်း ကလေးများမှတ်နေလား... ကလေးနဲ့အပြိုင်သောင်းကျန်းနေတာ..."

" ဒီအဘိုးကြီးကွာ... မနက်မိုးလင်းကတည်းကပွစိပွစိနဲ့ သူနဲ့အတူနေနေရတဲ့ငါ့ညီလေးတွေကိုသနားလိုက်တာ...."

အကိုဟိုဆော့ရဲ့အပြောကြောင့် ဂျီမင်နဲ့ဂျိီဝန် ကိုကြီးမမြင်အောင်ခေါင်းကိုငုံ့ပြီးရီလိုက်မိကြသည်။ အကိုဟိုဆော့ပြောသလိုပင် ကိုကြီးက အဘိုးကြီးအိုလေးလို ပစိပစပ်တွေများပြီး ဆူပူတတ်သူဖြစ်လေသည်။ အခုတေလာ ဂျီမင်နဲ့ဂျီဝန်လည်းရန်မဖြစ်တာကြောင့် ကိုကြီးရဲ့ဆူဆူပူပူစကားလေးတွေမကြားရတာကြာနေပြီဖြစ်သည်။

" အပိုတွေပြောမနေနဲ့ ဟေ့ကောင်.... ရင့်ကျက်ရမယ့်အရွယ်ရောက်နေပြီကို ကလေးတွေနဲ့ပေါင်းပြီးကဲချင်နေတုန်း...."

" ဟုတ်ကဲ့ပါ အကိုကြီးရယ်... ကျွန်တော်မျိုးမှားသွားပါတယ် အခုတော့ ထမင်းလေးမြန်မြန်စား အလုပ်သွားရတော့မှာမလား..."

အကိုဟိုဆော့က ပြောရင်းဆိုရင်း ကိုကြီးရဲ့ပန်းကန်ထဲဟင်းတွေခပ်ထည့်ပေးနေလေသည်။ ထိုမွသာ ကိုကြီးလည်းဆက်မပြောတော့ပဲ ထမင်းသာစားနေတော့သည်။ ထမင်းစားပြီးကြတော့ ဂျီမင်နဲ့ဂျီဝန်ကသူတို့တာဝန်ဖြစ်တဲ့ ပန်းကန်ဆေးခြင်းကိုနှစ်ယောက်အတူပြုလုပ်နေတုန်းမှာပဲ ကိုကြီးကအလုပ်ကိုထွက်သွားသလို အကိုဟိုဆော့ကလည်း အိမ်ပြန်သွားခဲ့လေသည်။

ဂျီမင်နဲ့ဂျီဝန်လည်းအလုပ်ပြီးတော့ ကျောင်းကိုအတူထွက်လာခဲ့ကြသည်။ ဘယ်တုန်းကမှမတည့်ခဲ့တဲ့သူနှစ်ယောက် အတူတူကျောင်းလာကြသည့်အပြင် အခု ကန်တင်းပါအတူတူထိုင်နေလေတော့ သူငယ်ချင်းတွေအားလုံး အ့ံသြနေကြသည်။

Twins And MeWhere stories live. Discover now