{ Unicode }
အခုတေလာ ငေးတိငေးငိုင်နှင့် စိတ်နဲ့လူမကပ်သလိုဖြစ်နေတဲ့ ဂျီဝန်ကို ဂျီမင်စိတ်ပူလာမိသည်။ အမြဲလိုတက်ကြွပြီးပျော်ရွှင်နေတဲ့သူက ငေးမှိုင်နေတာကြောင့် ဂျီမင် စိတ်မကောင်းဖြစ်မိသည်။
" ဂျီဝန်...."
" ဟင်...."
ကုတင်ပေါ်မှာ ငူငူကြီးထိုင်နေရာကနေ ဂျီမင်ကိုပြန်ထူးသည့် ဂျီဝန်ရဲ့မျက်နှာကညှိုးနွမ်းနေလေသည်။
" ဘာတွေဖြစ်နေတာလဲ...."
" ဘာမှမဖြစ်ပါဘူး...."
" ဂျီဝန် မင်းနဲ့ငါက မတည့်ကြဘူးဆိုပေမယ့်... ငါတို့ကအမြွှာညီအကိုတွေလေ မင်းမျက်နှာကိုကြည့်ရုံနဲ့မင်းဘာတွေခံစားနေရလဲဆိုတာ ငါသိတယ်.... ငါ့ကိုလိမ်ဖို့မကြိုးစားနဲ့ ဂျီဝန်..... "
ဂျီမင် ဂျီဝန်ရဲ့ကုတင်ပေါ်ကိုတက်ကာ အနားကပ်ထိုင်ပြီး ပြောလိုက်မိသည်။
" ငါ ဘာမှမဖြစ်ဘူးလို့ပြောနေတယ်လေ...."
" ဂျီဝန် ငါကမင်းနဲ့ညီအကိုတွေလေ.... မင်းစိတ်ထဲမှာခံစားနေရတာတွေကို ငါ့ကိုပွင့်ပွင့်လင်းလင်းပြောပြလို့ရတယ်လေ.... တစ်ယောက်တည်းမြိုသိပ်ပြီးခံစားမနေပါနဲ့ကွာ..."
" ဂျီမင်.... "
ဂျီမင်မျက်နှာကို အားကိုးတကြီးမော့ကြည့်လာသည့် ဂျီဝန်ရဲ့ပုခုံးကိုဖက်ရင်းနှစ်သိမ့်ပေးလိုက်သည်။
" ယွန်းနာကလေ ချစ်ရမယ့်သူရှိတယ်တဲ့.... လက်ထပ်ဖို့အထိတောင်ရည်ရွယ်ထားတာတဲ့.... အဲ့လူနဲ့အဆင်မပြေတုန်း ငါနဲ့အရွဲ့တိုက်ပြီးတွဲတာတဲ့ကွာ... ငါသူ့ကိုတကယ်သဘောကျမှန်းသိရဲ့နဲ့ သူမို့လို့လုပ်ရက်တယ်...."
မငိုသော်လည်း နာကျင်ကြေကွဲနေသည့် လေသံနှင့်ပြောလာသည့် ဂျီဝန်ရဲ့စကားတွေကြောင့် ဂျီမင် စိတ်မကောင်းဖြစ်သွားရသည်။ ယွန်းနာကိုလည်း အခုလိုလုပ်ရက်မယ်လို့မထင်ထားခဲ့မိပေ။
" ဒီလိုမိန်းကလေးတစ်ယောက်အတွက်နဲ့ မခံစားနဲ့တော့လေကွာ... သူနဲ့အစောကြီးကတည်းကဝေးသွားရတာကောင်းတယ်လို့ပဲတွေး... လောကကြီးမှာမိန်းကလေးတွေပေါပါတယ်ကွ... ငါတို့အသက်ကငယ်ငယ်လေးရှိသေးတာပဲကို... ယွန်းနာထပ်ပိုချောပိုလှတဲ့မိန်းကလေးတွေရှာလို့ရတယ်ဟုတ်ပြီလား..."
YOU ARE READING
Twins And Me
Fanfiction" မင်ဂျီမင်...မင်ဂျီဝန်.. !! " "ဗျာ...""ဗျာ..." "ဗျာ ကိုနောက်မှာထားပြီး လူတွေကအခုချက်ချင်းငါ့ရှေ့လာခဲ့စမ်း...." " မင်ဂျီမင်...မင်ဂျီဝန်.. !! " "ဗ်ာ..." "ဗ်ာ..." "ဗ်ာ...ကိုနောက်မှာထားပြီး လူတွေကအခုချက်ချင်းငါ့ရှေ့လာခဲ့စမ်း...."