If I were.... ( Jensoo)

125 6 0
                                    


A/N- ဒီတစ်ပုဒ်ကို အရင်က တင်ဖူးတယ်။ ခုပြန်တင်ချင်လာလို့

အရာအားလုံးနေသားတကျဖြစ်နေတဲ့ ဘဝထဲကို
အစ်မဆိုတဲ့ လူတစ်ယောက်က ဝင်ရောက်လှုပ်ခတ်လာခဲ့တယ်။ ကျွန်မအသက် တစ်ဆယ့်ရှစ်နှစ်အရွယ်မှာပေါ့။ တိတိကျကျပြောရရင် ကျွန်မအသက်၁၈နှစ်ပြည့်ပြီး နောက်တစ်ရက်မှာပဲ အစ်မက ကျွန်မဘဝထဲကို ဝင်ရောက်လာခဲ့တာ။

မိုးတွေအရမ်းသည်းနေတဲ့ ညတစ်ညမှာ အစ်မက ကျွန်မနေတဲ့ အခန်းကျဥ်းကျဥ်းလေးရဲ့ တံခါးကို အလောတကြီး ခေါက်နေခဲ့တာလေ။
အဲ့ညက စပြီး အစ်မက ကျွန်မဘဝထဲကို ဝင်ရောက်လာခဲ့တာထင်ပါရဲ့။

မိုးရေတွေစိုနေတဲ့ အစ်မက ပြိုလဲနေတဲ့ မျက်ဝန်းတွေနဲ့ ကျွန်မရဲ့ မျက်ဝန်းတွေကို စိုက်ကြည့်နေခဲ့ပြီး
အားငယ်နေတဲ့ ထိုမျက်ဝန်းတွေက ကျွန်မကို အကြီးအကျယ်တုန်လှုပ်စေခဲ့သည်။

ဒီတစ်နှစ်အတွင်းမှာ ကျွန်မသိတဲ့ အစ်မက အမြဲပျော်ရွှင်တက်ကြွနေတတ်တဲ့ အမျိုးသမီးငယ်လေးတစ်ယောက်လေ။

"မိုးရေတွေလည်း စိုရွဲနေတာပဲ
အထဲကို ဝင်ခဲ့လေ အစ်မ"

စကားတွေအမြဲ ပြောပြီး ပြုံးရွှင်နေတတ်တဲ့ အစ်မက တိတ်ဆိတ်နေသည်။

ကျွန်မနေတဲ့ အခန်းကျဥ်းထဲကိုရောက်တာနဲ့ ကျွန်မကို ဆွဲဖက်ပြီး ရှိုက်ကြီးတငင် ငိုသည်။

"သူ့မှာ နောက်တစ်ယောက်ရှိနေတာတဲ့ " ဆိုသောစကားကို အစ်မက ထပ်ခါထပ်ခါပြောရင်းငိုနေခဲ့သည်။

ကျွန်မအတွက်ကတော့ အစ်မကို ပြန်ပွေ့ဖက်ပြီး အစ်မနောက်ကျောလေးကို အသာပွတ်သပ်ပေးကာ စိတ်ငြိမ်အောင် လုပ်ပေးရုံက လွဲလို့ ဘာမှမတတ်နိုင်ခဲ့။

အစ်မက သိပ်လှတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးငယ်လေး။ အစ်မကို သိခဲ့တဲ့ ဒီတစ်နှစ်အတွင်းမှာ အစ်မငိုတာကို တစ်ခါမှ မမြင်ဖူးခဲ့သလို
အစ်မအမြဲပြုံးရွှင်နေတာတဲ့ မြင်ခဲ့ဖူးတာလေ။

အစ်မက အဘက်ဘက်က ပြည့်စုံနေတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။ အစ်မမှာ အလုပ်ကောင်းကောင်းတစ်ခုရှိတယ်။ အစ်မက လှတယ် လူချစ်လူချင်ပေါတယ်။ ပြီးပြည့်စုံတယ် ပြီးတော့ အစ်မမှာ အစ်မသိပ်ချစ်ရတဲ့ အမျိုးသားတစ်ယောက်ရှိတယ်။ ထိုအမျိုးသားက ရှေ့နေတစ်ယောက်။ ထိုအမျိုးသားနဲ့ အစ်မတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းက၇ နှစ်
ကျော်ပြီဆိုတာ အစ်မပြောပြလို့ သိရတာပဲ။
လူတိုင်းက အစ်မကို တစ်နည်းနည်းနဲ့ အားကျနေကျတာပဲ ကျွန်မအပါအဝင်လေ။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Dec 09, 2024 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

Rubylili (one shot collections)Tempat cerita menjadi hidup. Temukan sekarang