လမ်းကြုံလိုက်လာတယ်(၇)

7 1 0
                                    

**လမ်းကြုံလိုက်လာတယ် ( ၇ ) **
"အား..."
မျက်စိစုံမှိတ်ကာ နောက်ဆုံးအကြိမ် ထွက်ပေါက်အဖြစ် အသံကုန်အော်မိသည်။အ န္တာရယ်အကြီးအကျယ်ကြုံလေတိုင်း ကူကယ်ရာမဲ့လေတိုင်း
လူတို့လုပ်တတ်သည့် အကျင့်အတိုင်း အားရှိသ၍ အော်ဟစ်ရပေသည်။ လျက်တပျက်၊မျက်တောင်တစ်ခပ် အချိန်လေးမှာ ကျွန်တော် ဒုက္ခရောက်တော့မည်။ ဘဝတစ်ပါးသို့ ကူးလည်းကူးသွားနိုင်သည်။ ရိုင်းရိုင်းပြောရလျှင် အသေဆိုးဖြင့် သေရတော့မည်။ ရုတ်တရက် တုံ့ခနဲ ရပ်တန့်သွားသည့် အလှုပ်မျိုး ခံစားလိုက်ရသည်။ရပ်တန့် ခြင်း၏အဆုံးသည်လည်း လှုပ်ရှားမှုတစ်မျိုး၊ အလှုပ်တစ်မည် မဟုတ်လား။ ပြီးမှ ငြိမ်သက်ခြင်းအတိ။
မျက်စိကို မရဲတရဲဖွင့်အကြည့်မှာ ကားခေါင်းသည် သစ်ပင်၏ပင်စည်နဲ့ မထိရုံတမယ်အကွာအဝေးမှာ ရပ်တန့်သွားသည်ထင်။
"ဟူး ...ငါ သေနေ့မစေ့သေးပါလား "
ရုတ်တရက် အသံထွက်၍ ရေရွတ်မိသည့်အခိုက်
"စိတ်ချ မင့်မသေရသေးဘူး "
ကားသမားထံမှ အသံကြားရသည်။ ဒီတစ်ခါ မိန်းမအသံမဟုတ်တော့။ ယောက်ကျားအသံ။ဒါပေမဲ့
ကားသမားအသံနဲ မတူသလိုလိုရှိတယ်။ဒါပေမဲ့ ကားသမားသတိရပြီးဟု ယူဆကာ
"ဟာ အစ်ကို အစ်ကိုသတိရပြီလား "
ဝမ်းသာအားရ ကားသမားကို မေးမိပါသည်။
"ဟားဟားဟား..."
အကြောင်းမဲ့ ရယ်ပြနေသည့်ကားသမားကို ကျွန်တော် ကြောက်လာပြန်ပါသည်။ကားသမားမဟုတ်တာ သေချာသွားပြန်လေပြီ။ သူ့ကို တေ စ္ဆဘယ်နှစ်ကောင်များ
အလှည့်ကျ ဝင်ပူးနေသည်လည်း မသိ။
"ဟာ ဘာလဲ ဘာတွေလဲ ခင်ဗျား ဘာဖြစ်ချင်တာလဲ ခင်ဗျားဘယ်သူလဲ "
"အီး ဟီး ဟီး ...."
ကားသမားက ငိုပြပြန်သည်။ သူ၏မျက်နှာသည် လူသေကောင်ပမာ။
"ခင်ဗျား ဘယ်သူလဲ ဘာကြောင့် ကားသမားကိုယ်ထဲ ဝင်နေရတာလဲ ကျုပ် ကျုပ်ကို ဘာလုပ်ချင်တာလဲ ကျုပ်ဆီက
ဘာလိုချင်တာလဲ"
ကြောက်ကြောက်လန့်လန့်ဖြင့် သူ့ကို အော်ဟစ် မေးနေဆဲ
တောင်အရပ်မှ ကားမီးရောင်မြင်ရ၍ အားတက်လာသည်။
ကားတံခါးဖွင့်၍ ဆင်းပြေးရန် ပြင်သည်။တံခါးက ဖွင့်မရ။
ကားမီးရောင်သည် နီးသထက်နီးလာလေပြီ။ ထိုကားသည်
ကျွန်တော်တို့ကားရှိသည့်‌နေရာ၏ လမ်းတစ်ဖက်မှာ ထိုးရပ်သွားသည်။
ပြီးလျှင် ကား‌ခေါင်းပေါ်မှ လူသုံးဦးဆင်းကာ လမ်းဘေး ခြုံစပ်သို့ သွားရန်ဟန် ပြင်နေကြသည်။အပေါ့အပါး သွားရန်ဖြစ်မည်။
အားတက်၍ ပျော်သွားသည်။
"ဟိုး...ကယ်ကြပါ...ကယ်ကြပါ အုံး ဟေ့ ဟေ့လူတွေ "
ကျွန်တော်က ကားမှန်ကို လက်ဖြင့် ထုရိုက်သံ ပေးကာအော်သော်လည်း သူတို့မကြား။ လမ်းမပေါ်မှ လမ်းဘေးသို့ ဆင်းသွားကြသည်။
"ဟေ့လူတို့ ဟေ့လူတွေ ကယ်ကြပါအုံး ကယ်ကြပါအုံးဗျ"
ကားမှန်ကို အားကုန်သုံး၍ ထုရိုက်သည်။အချည်းအနှီးသာ။
ခဏအကြာ သူတို့ ပြန်လာသည်ကို မြင်၍ ထပ်၍ အော်ဟစ်အကူအညီတောင်းမိပြန်သည်။
"အား....ကယ်ကြပါအုံး...."
တစ်ယောက်ကတော့ ကျွန်တော်ရှိရာ လှမ်းကြည့်သည်။
ထိုသူက အခြားသူများကို လက်ဟန်ခြေဟန်ဖြင့် ပြောနေသည်။
"ငါ့ ကိုမြင်သွားပြီ "
အားတက်၍ အသံပေးမိပြန်သည်။ကားတံခါးကို တဒုန်းဒုန်းထု၍ အသံပေးသည်။ခြေ ဖြင့်ဆောက်ကန်သည်။
"ကယ်ပါအုံး အစ်ကိုတို့ ကျုပ် ကားခေါင်းထဲ ပိတ်မိနေလို့ပါ "
ထိုလူသုံးယောက် ကျွန်တော်ရှိရာ ကားထံ လာနေသည်ကို မြင်ရတော့ အတိုင်းမသိ ပျော်မိသည်။အားလည်းတက်လာမိသည်။သို့သော် ထိုလူများ ကျွန်တော်ထံ ရောက်လုနီးနီးမှာ ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ရာကို မြင်မိ၍ ထိတ်လန့်ဟန်ပြကာ လာရာလမ်းသို့ ကြောက်လန့်တကြား ပြန်ပြေးကြသည်။သူတို့ ကားပေါ်သို့ အမြန်တက်ကာ မောင်းပြေးကြသည်။
"ဟာ ဟာ သွားပါပြီ "
လက်လျော့လိုက်သည်နှင့် တစ်ကိုယ်လုံး နုံးချည့် ပျော့ခွေသွားသည်။
"ဟီး ဟီး ဟီး..."
ကားသမားက တဟီးဟီးရယ်ပြ၍ ‌သူ့ကိုစူးစူးရဲရဲ ပြန်ကြည့်မိသည်။ အကြောက်တရားအစား ဒေါသတရားက နေရာယူလိုက်ပြီဖြစ်သည်။
"ခင် ခင်ဗျား..သူတို့ကို ဘာလုပ်လိုက်တာ လဲ "
"သစ်ပင်ပေါ်ကနေ မတ်တတ်ကြီး အောက်ဆင်းပြရုံလေးပါ "
"ဟာ...တော်တော့ ခင်ဗျား ကျုပ်ဆီက ဘာလိုချင်လို့လဲ"
"အကူအညီ"
ပျော့ပြောင်းလာသော လေသံဖြင့် ပြောသည့် သူကို အံဩစွာ ကြည့်မိသည်။
"ဟုတ်ပါတယ် အကူအညီ တောင်းချင်လို့ပါ "
"ဘာ ဘာတွေကူညီရမှာလဲ ပြီးရင် ကျု ပ်ကို ဘာမှမလုပ်ရဘူးနော် "
"အင်းပါ...ငါ တို့အဖြစ်ကို အရင်ပြောပြမယ် ငါ့နာမည်က
ကိုသီဟ ရွှေဘိုနယ် ရွာသာရွာကပါ....အလှူတွေ မင်္ဂလာဆောင်တွေမှာ ဓါတ်ပုံရိုက်တယ်၊ဗီဒီယိုရိုက်တယ်.."
...........................................................

ရွာသာရွာလေးသည် ရေဝင်တောဖြစ်ပေသည်။မူး မြစ်ရေသောက်တောများဖြစ်သည်။ ထိုရွာလေ၏
အဓိက လုပ်ငန်းမှာ စပါးစိုက်ပျိုးခြင်းဖြစ်၍ အထွက်နှုန်းလည်းကောင်းကြသည်။ ရွှေဘိုမြို့နှင့် အတန်ငယ်ဝေးကွာသည်။ တောကျ၍ ချောင်ကျသည်။
ယခုခေတ်လို လမ်းပန်းဆက်သွယ်ရေးမကောင်း။ နွေရာသီမှာ ဖုန်ထူသောလမ်းသည် မိုးရာသီဆိုလျင် မည်သည့်ယာဉ်မှ ဖြတ်သန်းမရလောက်အောင် လမ်းဆိုးသည်။ ရွာသာရွာသူရွာသားများသည် မြို့သို့ အရောက်အပေါက်နည်းကြသည်။ အနေအေးကြ၍ အလုပ်ကြိုးစားကြသည်။အနေရိုး၍ စိတ်ထားဖြူ စင်ကြသည်။ ဒါပေမဲ့ မြို့ကိုအရောက်အပေါက်များ၍ ရွာသာရွာ၏ တောသူတောင်သားများကို ချုပ်ကိုင်ခြယ်လှယ်နေသော မိသားစု တစ်စု ရှိလေသည်။ တစ်ရွာလုံး၏ ရိုးသားမှု့ကို အခွင့်အကောင်းယူကာ ကုတ်သွေးစုပ်အမြတ်ထုတ်နေသော မိသားစု။
ကုန်စုံဆိုင်၊အထည်ဆိုင် တည်ထားကာ ဈေးအဆမတန်တင်ရောင်းသည်။ စပါးတော ဖြစ်၍ ဆန်စက်လည်း တည်ထားသေးသည်။
"ဓန‌မြိုင် ဆန်စက်"
ထိုမိသားစု ပိုင်ဆိုင်သည့် ဆန်စက်အမည်။
ထိုဆန်စက်ရှိ အလုပ်သမားများက ရွာသာရွာသူ၊ရွာသားများ အများစုသာဖြစ်သည်။ ထိုအလုပ်သမားများထဲတွင် မသီတာ ဟူသော အမျိုးသမီးလေးလည်းအပါအဝင်။သူမသည် ချောသည်။လှ၍ ယဉ်သည်။ သူမမှာ လယ်ယာမရှိ။
မိဘများမရှိ။သူ့အစ်မ မနီလာနှင့်အတူနေထိုင်လုပ်ကိုင်စားရရှာသည်။
"ဦးထွန်းတင့်"
ဓနမြိုင် ဆန်စက်ပိုင်ရှင်။အသက်ငါးဆယ်‌ကျော်ခန့် မုဆိုးဖို။
သူနှင့် မသီတာ ။
ရွာ့မျက်နှာဖုံး ဦးထွန်းတင့်နှင့် ဆန်စက်အလုပ်သမလေး မသီတာ။
ကိုးတောင်းကျားနှင့်သမင်ပျိုမလေးတို့ရဲ့ ဇာတ်လမ်းက...

ဆက်ရန်...

လမ်းကြုံလိုက်လာတယ်Where stories live. Discover now