**လမ်းကြုံလိုက်လာတယ် ( ၉ ) **
"ဘုရားပွဲတုန်းက ရိုက်ထားတဲ့ ဓါတ်ပုံတွေ ရပြီတဲ့"
မီးဖိုရင်းဒေါ်စိန်ကပြောသည်။ ဓာတ်ပုံ အသံကြားသည်နှင့် မိသီတို့ ရင်ခုန်လာသည်။ ညို့အားပြင်းသော သူရဲ့ အကြည့် က မိသီမျက်ဝန်းထဲကမထွက်။ သူ ဆိုတာ ဓာတ်ပုံဆရာ ကိုသီဟပေါ့။ ရွာတောင်ပိုင်းက အရီးမြသားလေ။
သူက သူ့အလုပ်သဘောအရ မိသီကို ရိုးရိုးကြည့်တာထင်မှာပါ။
ဒီက မိသီမကသာ ဆန်းဆန်းဖြစ်နေတာ။" မိသီ နင်အဲလို့ တောင့်တောင့်ကြီး မနေနဲ့ ၊ ဟော မျက်တောင်က ဘာလို့ပုတ်ခတ်ပုတ်ခတ် လုပ်ရပြန်တာလဲ ၊ ပြုံးပြုံးလေးနေမယ် ရိုက်မယ်နော် ကင်မရာကိုသေချာကြည့်"
သူ့ရဲ့ အသံများကို မသီတာ ယခုတိုင်းကြားရဆဲ။
"မေးထောက်တဲ့ လက်က ဟန်မကျသေးပါဘူး ဒီလိုလေးထောက် "
မိသီလက်ကိုလည်း သူက ကိုင်သေးသည်။
ကိုသီဟက မိသီထက် လေးငါးနှစ်လောက်ကြီးတယ်။သူဌေးမ မသီရိမြိုင်နဲ့ အသက်တူရွယ်တူ။ ပြီး သူတို့က ကျောင်းနေဖက် သူငယ်ချင်းအရင်းခေါက်ခေါက်။ တပူးတွဲတွဲ လည်းရှိကြတယ်။ ဒါတွေကို တွေးမိပြန်တော့ ဘာရယ်မသိ။မိသီအလိုလို အားငယ်လာသည်။"ဟဲ့ မိသီ ညည့်ဘာတွေလုပ်နေတာလဲ"
ဒေါ်စိန့်အော်သံကြောင့် အတွေးနယ်မှ လွတ်မြောက်လာရသည်။
"ဟို ဟိုမိသီ ကြက်သွန်းအခွံနွှာနေတာ "
"ဟယ်အေး ညည့်လက်ထဲက ကြက်ဥတွေဟဲ့ ကြက်ဥကို ဟိုလှည့်ဒီလှည့်နဲ့ ဓါးသွားနဲ့ ပွတ်နေတာ အက်ကုန်ပြီ"
"ဟယ် ဟုတ်ပါရဲ့ မမလေးသိရင် ဆိုတော့မှာ"
ကြက်ဥအက်ရာမှ စေးကပ်ကပ် အရည်များစိမ့်ထွက်နေသည်ကိုကြည့်ကာ မိသီညည်းရှာသည်။
"ဆူစရာလားအေ မဟုတ်လည်း ကြော်ရမှာပဲ ဒါနဲ့ ညည့်
စောစောက အကောင်းပါ ""အို ခုရော ဘာဖြစ်နေတာကြ လို့ ကြက်သွန်းနဲ့ ကြက်ဥ မှားတာလေးပဲကို "
"အေးဟေ့ ဓာတ်ပုံအကြောင်း ပြောပြီးမှ မှားလို့ ပြောတာ မိမိသီရေ ပေးပေးကြက်ဥတွေ ဒေါ်စိန်ကြော်လိုက်မယ် "
ВЫ ЧИТАЕТЕ
လမ်းကြုံလိုက်လာတယ်
Ужасыhorror သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲပါ။ ငြိမ့်ငြိမ့်လေးနဲ့ feel ရင်း လမ်းကြုံလိုက်ခဲ့ကြပါ လို့ ဖိတ်ခေါ်ပါရစေဗျာ...။