လမ်းကြုံလိုက်လာတယ်(၁၅)

6 2 0
                                    


* *လမ်းကြုံလိုက်လာတယ် (၁၅) **

"နင်က သေသွားပြီလေ သွား သွား "

သီရိမြိုင် မျက်စိစုံမှိတ်အော်သည်။ သူမ ခြေထောက်ကိုဆွဲထားသည့် နီလာလက်များ
ဖျတ်ခနဲ ပျောက်သွားပြန်သည် ။သီရြိမိုင်မျက်လုံးပြန်ဖွင့် ကြည့်သည်။

"ဟူး..."

နီလာအရိပ်အယောင်မရှိတော့၍သီရြိမိုင် သက်ပြင်းချလိုက်သော်လည်း ကြောက်စိတ်တို့မပြယ်သေး။ အခန်းနံရံကို ပြူးကြောင်ကြောင်ကြည့်သည်။ အခန်းမျက်နှာကျက်ကိုမော့ကြည့်သည်။ အခန်းတံခါးမကြီးကိုကြည့်သည်။ လေမတိုး၊လေမတိုက်ပဲ လှုပ်ရမ်းနေသော လိုက်ကာစအပြာရောင်များ အောက်က ပြတင်းမှန်များကိုကြည့်သည်။ ကြည့်နေဆဲ လိုက်ကာများကြားမှ လက်တစ်ဖက် ထွက်လာသည်။
" အား အမယ်လေး .."
ထိုလက်ကြီးသည် သီရိမြိုင်ထံဆန့်တန်းလာသည်။
သီရိမြိုင် ကြောင်အမ်းအမ်းကြည့်နေရသည်။
ခြေလက်များ အကြောဆိုင်း၍ ကပ်နေသည်။

"အ အ .."
အသားများတဆတ်ဆတ်တုန်သည်အထိသူမ ကြောက်အားကြီးနေလေပြီ။
မျက်နှာအနား ရောက်လုလုနီးမှာ လက်မည်းကြီး ပျောက်သွားပြန်သည်။
အိပ်ယာထက်ပစ်လဲလိုက်သည်။

"ကုတင်အောက်...မှာများလား..."

သီရိမြိုင်မသိစိတ်က ကုတင်အောက်ကို ရောက်သွားပြန်သည်။
ချွန်ထက်သောလက်သည်းများဖြင့် ကုတင်ကြမ်းပြားများကို တဂျစ်ဂျစ် ချစ်နေသည့်အသံလိုလို ကြက်သီးထစွာကြားလိုက်ရသည်။
" အ "
ဆတ်ခနဲ ငုတ်တုပ်ထထိုင်ပြန်သည်။

" သီ ရိ မြိုင်.."

လေးတွဲသော အသံအောအောကြီး ကုတင်အောက်မှ ထွက်လာသည်။
သီရိမြိုင် ကုတင်အောက်ကို ငုံ့ကြည့်ရန် ပြင်သည်။ ဓာတ်မီးဖွင့်၍ ကုတင်အောက်ကို
တဖြည်းဖြည်းငုံ့ကြည့်သည်။ သီရိမြိုင်၏ဆံပင်များ ကြမ်းပြင်ပေါ်ဖြာကျသွားသည်။ သီရိမြိုင်၏အသက်ရှူသံ မှအပါး အခန်းသည် တိတ်ဆိတ်လွန်းလှသည်။
ကုတင်အောက်ကို ဓာတ်မီးဖြင့်ထိုးကြည့်သည်။
ဘာမှမတွေ့။

"ဟင်း..."

သက်ပြင်းချကာ ခေါင်းပြန်မော့သည်။ ထပ်၍ မော့သည်။ မျက်နှာကျက်မှာ တစ်စုံတစ်ရာ ကပ်နေသည်ကို သီရိမြိုင် မြင်လိုက်ရသည်။

လမ်းကြုံလိုက်လာတယ်Where stories live. Discover now