လမ်းကြုံလိုက်လာတယ်(၁၃)

8 2 0
                                    

**လမ်းကြုံလိုက်လာတယ် (၁၃)**

ရွာ့မျက်နှာဖုန်း၊စက်သူဌေး ဦးထွန်းတင့်၏ နာရေးသည် စည်ကားသည်။ မထင်မှတ်ပဲ
ဆုံးသွားသောကြောင့် စုပ်တသက်သက် ဖြစ်ကြသည်။ ဦးထွန်းတင့် သည် ကုတင်ပေါ် ပက်လက်အနေအထားဖြင့်သေဆုံးခြင်းဖြစ်ပြီး သူ့အလောင်းထံ ပထမဆုံးရောက်သူသည် သူ၏တူ မောင်ထက်ဖြစ်သည်။ မောင်ထက်က ထိုအိမ်ကို တံခါးမရှိ၊ဓားမရှိ ဝင်ထွက်နေရသူ ဖြစ်သော်လည်း သီရိမြိုင်တို့အမေ ဆုံးပါးပြီးကတည်းက အိမ်အပေါ်ထပ်ကိုတော့ သွားလာခွင့်မရတော့ချေ။ သူတို့သားအဖလေးယောက်ကလွဲ၍ အိမ်အပေါ်ထပ်သို့ မည်သူမှ တက်ခွင့်မရှိ။
ဦးထွန်းတင့် သေဆုံးသည့်နေ့ကသာ မောင်ထက် မလွဲမရှောင်သာ အပေါ်ထပ်တက်ခဲ့သည်။ ကုတင်ပေါ်ပက်လက်အိပ်နေသည်အထင်ဖြင့် နှိုးသည်။ မည်သို့မှနှိုး၍မရ မှ အသက်မရှိတော့သည်ကို မောင်ထက်သိလိုက်ရသည်။
ဦးထွန်းတင့်သေဆုံးသည့်သတင်း ကြားကြားချင်း မိသီ အံဩသွားသည်။
တဆက်တည်း ထိတ်လန့်ကြောက်ရွံ့လာသည်။မွန်းတည့်ချိန်မှာ မိသီထိုအိမ်ကပြန်လာသည်။ညနေစောင်းမှာ ဦးထွန်းတင့်သတင်းကြားရသည်။
"သွေးရိုးသားရိုး သေတာရော ဟုတ်ရဲ့လား"
ဟု မိသီတွေးသည်။ သီရိမြိုင်တို့ညီအစ်မတစ်စု ထူးဆန်းစွာ သင်္ကာမကင်း မဖြစ်ကြ။
သူတို့သာ မသင်္ကာ၍ အကျယ်ချဲ့နေရင် မိသီနှင့်ဦးထွန်းတင့်တို့ အဖြစ်အပျက် သိသွားနိုင်သည်။မိသီအရှက်ကွဲမည်။ တဆက်တည်း မြေအောက်ခန်းက လူသေဖျောက်မှုပါ ပေါ်လာနိုင်သည်။
ယခုတော့ ဒေါ်လှလှမြိုင်လည်းမရှိတော့။ဦးထွန်းတင့်လည်း မရှိတော့။ မိသီတစ်ယောက်သာ ကျန်တော့သည်။
ဒါပေမဲ့ မိသီရဲ့ နှလုံးသားမှာ အမာရွတ်ကျန်ခဲ့ပြီ။
"ကိုကြီးသီဟ"
လိုက်လဲသောတမ်းတခြင်းဖြင့် လွမ်းဆွတ်စွာ ခေါ်မိသည်မှာ မကြာခဏ။သို့သော် မိသီခမျာ ရင်ထဲမှာသာ ခေါ်ရဲ၍ ရင်တွင်းမှာပင် လွမ်းရဲပါသည်။

"တကယ်လို့ ကိုကြီးသီဟက ကမ်းခဲ့ရင်တောင် မလှမ်းဝံ့သူပါ အစ်ကိုရယ်" ဟု ဝမ်းနည်းပက်လက်တွေးကာ မျက်ရည်များဖြင့် အဖော်ပြု ခဲ့ရသည်ကို မိသီ
အကျင့်မရတရဖြစ်နေသည်။
ရင်တွင်းက ဇာတ်လမ်းသည် ရင်းထဲမှာပင် အဆုံးသတ်ခဲ့ရလေပြီ။
ဒီဘဝတော့ ချစ်ရသူနှင့် ဝေးလေအုံးတော့ မိသီတာရယ်...။
................................................

လမ်းကြုံလိုက်လာတယ်Donde viven las historias. Descúbrelo ahora