လမ်းကြုံလိုက်လာတယ်(၁၈)

3 1 0
                                    

**လမ်းကြုံလိုက်လာတယ် (၁၈)**

ငထက် ‌သေပြီ ဆိုတဲ့ သတင်း သီရိမြိုင် ကြားရလေပြီ။
သေတာမှ အသေဆိုး။
ထနောင်းလှနဲ့ ရွာသာရွာကြား တောလမ်းမှာ သေတာ တဲ့။
အမူးလွန်ပြီး မှောက်လဲလို့ သေတာလို့ ပြောကြသလို အချို့က သရဲကဂုတ်ချိုး၊လည်ပင်ညစ်လိုက်လို့ သေတာလို့ လည်းပြောကြသည်။

" မျက်လုံးတွေ ပြူးထွက်နေပြီ လျှာတစ်လစ်ကြီးနဲ့ သေနေတာများ ကြောက်စရာကြီး "

စတဲ့ စကားသံတွေ ကြားရလေလေ သီရိ မြိုင်
စိတ်တို့ခြောက်ခြားလေလေ ။

"နီလာလွင်"

ထိုအမည်ကို မကြာခဏရေရွတ်မိသည်။ရေရွတ်မိတိုင်း ခြောက်ခြားရစမြဲမှာ သီရိမြိုင်။

"ငါ့ အလှည့် ဘယ်တော့ရောက်မလဲ "
ဟု
တွေးကာ မရွှင်မပျဖြင့် နေရသည်မှာ နေ့စဉ်ရက်စက်။
ဆွေရင်းမျိုးရင်းပေမို့ ငထက်နာရေး ကို ကူညီပေးရသည်။ထိုစဉ်က ရွာ့အပြင် သေဆုံးတဲ့ ဘယ်သူ့ ရုပ်ခန္ဓာကိုယ်မဆို ရွာထဲသို့ အသွင်းမခံကြတာ ရွာဓလေ့ပင်။ ဒီတော့ ရွာအနောက်ပေါက်၊ရွာအဝင်က ညောင်ပင်ကြီးအောက်မှာ စင်နိမ့်ထိုးလို့ မသာထားရသည်။ လူသေတာခြင်းအတူတူ
အစိမ်းသေ ဆို ပိုကြောက်ကြသည်။ ကြောက်ပေသိ သုံးရက်ထားကြပြန်ရော။
ဆွေကြီးမျိုးကြီးလည်းဖြစ်၊ သီရိမြိုင် မျက်နှာလည်းရှိလေတော့ ညောင်ပင်အောက်က အစိမ်းသေမသာခမျာ မျက်နှာမငယ်ရ။
ညလုံးပေါက် ဖဲရိုက်သူ၊ ကတ်ရိုက်သူ၊ အလောင်းစောင့်သူများနဲ့ အလောင်းထားရက်
နောက်ဆုံးညပင်ရောက်ခဲ့ပြီ။
.......................................

"ငါ့ကောင်ကြီး ကူညီစမ်း မစစမ်း‌ ဟေ့"

ကိုဘဒင် က ငထက်နဖူးကို ပိုက်ဆံနဲ့ တဖြန်းဖြန်းရိုက်တယ်။ ပြီး‌တော့ ဖဲဝိုင်းစီသွား
တယ်။

"တစ်အိမ်လို ဟေ့ "

ဖဲဝိုင်းက အချက်ပြသံကြောင့်

"ငါ လာပြီ "

ကိုဘဒင်က လွတ်နေတဲ့နေရာ တင်ပျဉ်ခွေထိုင်ချကာ

"ငထက်ရေ ဝိုင်းစပြီဟေ့"

လို့ အော်ပါလေတယ်။သူအော်သံ ကြောင့် ကျန်တဲ့သူများက ငထက်အလောင်းကို လှမ်းကြည့်ကြတယ်။ စိတ်ထဲ မသိုးမသန့်ဖြစ်သွားကြတယ်။

လမ်းကြုံလိုက်လာတယ်Where stories live. Discover now