လမ်းကြုံလိုက်လာတယ် (၁၇)*
အချိန်က အာရုဏ်နှစ်ချက်တီး။
ငထက်တစ်ယောက်တည်း ဓာတ်မီးရောင်တစ်လက်လက်နဲ့ ထနောင်းလှရွာကနေ ရွာသာရွာကို ပြန်လာတယ်။ ထနောင်းလှရွာနဲ့ ရွာသာရွာဆိုတာ ဘာမှမဝေးပေသိ တောလမ်းဆိုတော့ ခေါင်တယ်။ လမ်းဘေးဝဲယာမှာ ထနောင်းပင်၊မိုးနှံ၊နဖူး၊ ဂုဏ်ချို ဆိုတဲ့နွယ်ပင်၊ ခြုံပုတ်တွေနဲ့ အောက်ပေါင်းမရှင်းလမ်းခင်းမသာ။ ထနောင်းလှ ရွာမှာ မျက်နှာကြီးနာရေးဆိုတော့ ဖဲဝိုင်းစည်ကာ ငွေစည်တယ်။ငထက် က ဒါမျိုးဝိုင်းလိုက်ရှာနေတာ။
ယူဖို့သွားပေမဲ့ပေးပြီးပြန်လာတာက ခပ်များများ။
ငထက် ဖဲရိုက်လာတဲ့တစ်လျောက် နိုင်တာကနည်းနည်း ရှုံးတာကများများ။
အပျော်ဝိုင်း၊အပျင်း ပြေဝိုင်းဆို ငထက်နိုင်တာကများတယ်။ ပွဲကြီးပွဲကောင်းဆို ရှုံးတာကများတယ်။
ဘယ်လိုပဲနေနေ ဖဲမရိုက်ရရင် ငထက် မနေတတ်။
အခုလည်း ထနောင်းလှရွာသားတွေကို အလှူရေစက်လက်နဲ့မကွာ ပေးကမ်းစွန့်ကြဲလာခဲ့တယ်။
" အေ့ ."
မိုးမလင်းခင်ကတည်းက ငထက် လေချဉ်တက်နေပြီ။ခါး ကြားက
အရက်ပုလင်းကို နှုတ်ကာ အပေါ်မြှောက်ပြီး ဓာတ်မီးနဲ့ထိုးကြည့်တယ်။ အားမရတော့ ပုလင်းကို စောင်းလှုပ်တယ်။ ပြီး ပြန်တည့်ကာကြည့်ပြန်တယ်။" ထွီး..အရက်ကလည်း ကုန်လွယ်တာ "
ပုလင်ဖင်မှာ ကပ်နေတဲ့ အရက်လက်ကျန်လေးက ငထက်ကို လှုပ်လီလှုပ်လဲ့
ကျီစယ်နေသယောင်။
"အာစွတ်ရုံရနည်း လား "
ပုလင်းအဝကို ပါးစပ်ပေါက်တေ့ပြီ ဇက်ကိုလှန် ပုလင်းကို ကိုးဆယ်ဒီဂရီ ထောင်လို့ အရက်လက်ကျန်ရှင်းတာများဒူးညွှန့်လို့
ခါးကော့တဲ့အထိပါပဲ။ ပက်လက်လန်မတတ်ပုလင်းဖင်ကပ်လက်ကျန်မော့အပြီး ပုလင်းကို ထပ်ကြည့်ပြန်တယ်။
အရက်သမားတို့ထုံစံလားမသိ။အရက်ကုန်ပေမဲ့ ပုလင်းကို တစ်ခါတည်းလွှင့်မပစ်ဘူး။
သံယောဇဉ်မကုန်သေးတဲ့ ရီဝေဝေအကြည့်နဲ့
ကြည့်သေးတာ။ အရက်ကျန်လေမလား ဆိုတဲ့အထင်နဲ့ပေါ့။ ကြည့်အားရမှ လမ်းဘေး
ခြုံပုတ်ထဲ လွှင့်ပစ်လိုက်တယ်။
"အမေ့ "
ပုလင်းကျသံအစား "အမေ့"
ဆိုတဲ့ အသံကြားရတော့ ငထက် ကြောင်သွားတယ်။
ခြုံကို ဖြဲကားလို့ ဓာတ်မီးနဲ့ထိုးကြည့်တယ်။ မိန်းကလေးတစ်ယောက် အထုတ်လေးပိုက်ကာ ငုတ်တုတ်လေး။ငထက်ကို ကြောက်လန့်တကြား မော့ကြည့်နေရှာတယ်။
ВЫ ЧИТАЕТЕ
လမ်းကြုံလိုက်လာတယ်
Ужасыhorror သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲပါ။ ငြိမ့်ငြိမ့်လေးနဲ့ feel ရင်း လမ်းကြုံလိုက်ခဲ့ကြပါ လို့ ဖိတ်ခေါ်ပါရစေဗျာ...။