လမ်းကြုံလိုက်လာတယ်(ဇာတ်သိမ်း)

5 0 0
                                    

လမ်းကြုံလိုက်လာတယ်(ဇာတ်သိမ်းပိုင်း)

ကားသမားကိုဝင်ပူးနေတဲ့ ကိုသီဟ  ရဲ့
ဇာတ်ကြောင်းထဲ ကျွန်တော်‌  မြောပါသွားခဲ့ရတယ်။
အလှူနေ့က စန္ဒမြိုင် လှည်းပေါ်ကပြုတ်ပေမဲ့
အနာတရ ကြီးကြီးမားမားမရှိ။
မိတူးကိုတော့
ရွှေဘိုဆေးရုံ သွားပို့ရာ လမ်းမှာတင် ကားမှောက်ရှာတယ်။ သီဟ၊သီတာနဲ့ မိတူးတို့ ပွဲချင်းပြီးသေသလို ကားသမားပါ သေရှာတယ် လို့ ဝင်ပူးနေတဲ့ သီဟကပြောပါတယ်၊ ဒါအပြင် နီလာလွင်ကို
သတ်တာလည်း သီရိမြိုင်နဲ့ သူ့မောင် ငထက် ပဲဖြစ်ကြောင်း၊ အကွက်ဆင်ထားတဲ့အတိုင်း နီလာလွင်နဲ့ငထက်ကို တောလမ်းမှာ နှစ်ယောက်တည်း ပစ်ထားခဲ့တယ်။ ငထက်က နီလာလွင့်ကို သားမယားပြုကျင့်ရန် ကြိုးစားတယ်၊ လက်မခံတော့ သတ်ဖို့ ကြိုးစားတယ်။ လူမှန်းမသိအောင်မူးနေတဲ့  ငထက် လက်က
နီလာလွင် လွတ်လာတယ်။ ပြေးတယ်။ ပြေးလမ်းမှာ သီရိမြိုင် ရပ်နေတာမြင်တော့ နီလာလွင်အားတက်ကာ " မမလေး ကယ်ပါအုံး ဆိုကာ နီလာလွင်ဆီ ပြေးဖက်တယ်။သူမကို ပြေးဖက်ရန်လာတဲ့ နီလာလွင့်ကို သီရိမြိုင်က အသင့်ယူလာတဲ့သံတုတ်နဲ့ ဖြတ်ရိုက်ကာ  ဆီးကြိုတယ်။ သူ့ အထင်ကြီးအားကိုးရ သူရဲ့ လုပ်ရပ်ကြောင့် နီလာလွင့်ခမျာ အံဩလို့မဆုံးခင် ငထက်ရဲ့ ဓားချက်နဲ့ အသက်ဆုံးသွားရှာကြောင်း ကို သီဟက
ပြောပါသေးတယ် ။
ကိုသီဟကပဲ ဆက်၍
" သူဌေးကတော်ကို သီတာက ခုခံရင်းသတ်မိသလိုဖြစ်တယ်၊ သူဌေးက
တဏှာစိတ်‌နောက်လိုက်မိပြီး မသေမရှင်ဖြစ်နေတဲ့ မယားကြီးကို မြေမြုတ်တယ်၊ တစ်ခါ ကျုပ်ဆိုတဲ့ သီဟကလည်း သူဌေးကိုသတ်ပြန်တယ်၊ နီလာလွင်လည်း ငထက်နဲ့သီရိမြိုင်သတ်လို့သေ၊ နီလာလွင်ကလည်း အစိမ်းဘဝနဲ့ ငထက်ကိုပြန်ဂလဲ့စားချေ သံသရာက ပြီးမှာမဟုတ်တော့ဘူး "
လို့ ထပ်ပြောတယ်။ ပြီးတော့

" အလှူပြီးလို့ တစ်ပတ်အကြာမှာ သီရိမြိုင်တို့ ညီအစ်မ ရွာကနေထွက်သွားကြတယ်၊ သုံးလခန့်ကြာမှ သူတို့ပြန်လာကြတယ်။
သီရိမြိုင်တော့ ပြန်ပါမလာဘူး၊  အဲ့ဒီကတည်းက သီရိမြိုင်လည်း ပျောက်သွားလိုက်တာ ခုချိန်ထိပဲ "
လို့ ကိုသီဟက ဆက်ပြောပါသေးတယ်။နောက်ဆုံးကိုသီဟ ပြောပြချက်အရ
မာလာမြိုင်က
သူ့ချစ်သူ ချက်ကြီးနဲ့ လက်ထပ်ယူလိုက်တဲ့အကြောင်း ၊ အခု ဆန်စက်ကို သူတို့လင်မယားပဲ ဦးစီးဦးကိုင် ဆောင်ရွက်နေကြောင်း၊ စန္ဒာမြိုင်ကတော့ သူ့အစ်မ သီရိမြိုင်လို မောက်မာကြောင်း၊ဂုဏ်မောက် ကြောင်း၊ အဆင့်အတန်း ခွဲကြောင်း ပြောပါတယ်။
ဒါတွေဟာ တေ စ္ဆ တစ်ကောင်က ပြောပြတဲ့
အဖြစ်အပျက်တွေပါပဲ။
နောက်ဆုံးတော့

လမ်းကြုံလိုက်လာတယ်Where stories live. Discover now