**လမ်းကြုံလိုက်လာတယ် ( ၁၄) **
" ဘာလို့အစောကတည်းက ငါ့ကိုမပြောတာလဲ မိသီမရယ်"
နီလာ ယူကြုံမရ ဖြစ်ရလေပြီ။
ထို့နောက် ဘေးဘီဝဲယာကို ဝေ့ကြည့်ကာ အသံနှိမ့်၍
" ခု ငါတို့ဘာဆက်လုပ်ကြမလဲ မြေအောက်ခန်းကိစ္စက ဟန်မပျက်နေရပေမဲ့
ညည်း ဗိုက်က ဟန်မပျက်နေလို့မရဘူး "
နီလာအသံသည် ရှိုက်သံပါလာသည်။ သူ့ညီမကိုလည်း အပြစ်မတင်ရက်။
"ကံဆိုးလှချည်လား အေ သူဌေးသာရှိရင် သူကတာဝန်ယူချင်ယူမှာ
အခုတော့ ."
နီလာသည် စကားဆက်၍မရတော့ပဲ တရှိုက်ရှိုက်ငိုကြွေးနေသည့် သီတာ့မျက်နှာကိုသာ အငေးသာကြည့်နေသည်။ ထိုနောက်
" သီရိမြိုင်အိမ် သွားမယ်နင်ပါ လိုက်ခဲ့ ""ဘာသွားလုပ်မလို့လဲ မိသီမလိုက်ရဲဘူး မသွားပါနဲ့ အစ်မရာ ငါ မလိုက်ချင်ဘူး
ပြီး ပြီးတော့ ငါ ငါက လူသတ်မှု ကျူးလွန်ထားတယ် မသွားပါနဲ့ နော် "နီလာ မတ်တတ်ထရပ်လိုက်သည်။
" လူသတ်မှု ဟုတ်လား နင်သတ်လိုက်တဲ့ ဒေါ်လှလှမြိုင်က သေတာကြာပြီလေ "
"အဟုတ်သား မသေဘူး မိသီသတ်လိုက်မှ အဟုတ်သေသွားတာ "
နီလာ ယဲယဲ့လေးပြုံးလိုက်သည်။
" ကလေးအဖေ ဘယ်သူဆိုတာ တော့ သွားပြောမှ ဖြစ်မယ် စိတ်ချ ငါ့ဘာသာကြည့်စီစဉ်မယ် နင်မလိုက်ချင် နေခဲ့ "
...............................................ညသည် လရောင်ဖြင့် နေ့အလား ထင်ယောင်မှားစရာ။
ဘဝတွေသည်လည်း မျှော်လင့်ချက် အလင်းရောင်အားဖြင့် သာယာသည့်အလား
ထင်ယောင်မှားစရာ။
လကိုတိမ်ညိုဖုန်း၍ ညသည် ညအသွင်ပြန်ဖြစ်လာသည်။ နီလာ၏ မျှော်လင့်ချက်အလင်းရောင်သည်လည်း သီရိမြိုင်၏ အတ္တအောက် ပျောက်ကွယ်ရလေပြီ။
" ဟားဟားဟား...နင် ငါ့ကို လာနောက်ရဲတယ်နော် နင်တို့ ရူးနေကြတာလား "
ပြက်လုံးတစ်ပုဒ်ကြားလိုက်ရသလို ဟားတိုက်ရယ်ပြနေသည့် သီရိမြိုင် ကို နီလာစိမ့်စိမ့်ကြည့်ကာ"ငါတို့မရူးဘူး နင်သာ မျိုးရိုး လိုက်ပြီး..."
" ဘာ "
နီလာရဲ့ စကားကြောင့် သီရိမြိုင် အနာပေါ်တုတ်ကျသည့်ပမာ ဆတ်ဆတ်ထိမခံနိုင်ဖြစ်သွားသည်။
YOU ARE READING
လမ်းကြုံလိုက်လာတယ်
Horrorhorror သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲပါ။ ငြိမ့်ငြိမ့်လေးနဲ့ feel ရင်း လမ်းကြုံလိုက်ခဲ့ကြပါ လို့ ဖိတ်ခေါ်ပါရစေဗျာ...။