**လမ်းကြုံလိုက်လာတယ်(၁၂)**
" နင်တို့ ငါ့ကို အရှင်လတ်လတ်မြေဖို့တယ်
"
နာကြည်းစွာ အော်နေသည့် အမျိုးသမီးကြီးက မိသီ၏ဆံပင်ကို အမိအရဆွဲကာ ဒရွတ်ဆွဲလေသည်။
မိသီ မှာ ပြန်လည်ခုခံရန် အားမရှိသည့်ပမာ သူမပြုသမျှခံနေရသည်။ သူမ ဆွဲရာနောက်
ဒရွတ် ပါနေရသည်။
"လာစမ်း လာစမ်း နင့်ကိုလည်း အရှင်လတ်လတ်မြေဖို့မယ်"
မိသီ ခန္ဓာကိုယ်ကို အမျိုးသမီးကြီးက ကျင်းထဲသို့ ဆွဲချလိုက်စဉ် အလင်းတန်းများ
ထွက်ပေါ်လာသည်။ လျှပ်စီးကြောင်း ပမာ အလင်းတန်းများကြား
"အား...."
မိသီ ကြောက်လန့်တကြားအော်ကာ တစ်စုံတစ်ရာကို ဆုတ်ကိုင်လိုက်သည်။
လက်ထဲဆုတ်ကိုင်ထညးသည့် အရာကို မိသီကြည့်လိုက်သည်။ အက်ႌစတစ္စ။
မိသီ ခန္ဓာအထက်မှာ တဖျတ်ဖျတ်ဝေ့ဝဲလှုပ်ခတ်နေသည့် အင်္ကျီစတစ်စ။
သေချာအောင် ထပ်ကြည့်မိသည်။
မိသီမျက်နှာကို အုပ်မိုးကြည့်နေသည့် မျက်လုံးတစ်စုံ။"ဟင် သူဌေး "
ဦးထွန်းတင့် ရင်ဘတ်ကို တွန်းပစ်ကာ မိသီ
ကယောင်ကတမ်း ထိုင်လိုက်သည်။
"ဒါ ဒါ တွေ"
ပြောင်းလဲသွားသည့် မိသီခန္ဓာကိုယ်ပေါ်က အဝတ်အစားများ။ ပြီးတော့ မိသီ မရောက်ဖူးသည့် အခန်း။"မိသီ သတိရလာပြီးလား "
မိသီဘေးမှာ ကပ်လျက်ထိုင်ကာ မေးလာသည့် သူဌေး။
"မိ မိသီ ဘယ်ရောက်နေတာလဲ ဒီ ဒီအဝတ်တွေက ဘယ်သူ လဲပေး...အို "
ရှက်စိတ်များဖြင့် မိသီ မွန်းကြပ်လာပြန်သည်။" စောစောက မိသီအဝတ်တွေက သွေးစွန်းနေလို့ လဲပေးလိုက်ရတာ "
ဦးထွန်းတင့်က ရှင်းပြသည်။
"သွေး.."
မိသီ ရေရွတ်ကာ အမျိုးသမီးကြီးကို မြင်ယောင်လာမိသည်။
"သူ သူ အဲ့ဒီ မိန်းမကြီး ဘယ် ဘယ်မှာလဲ"
"ရှူး...တိုးတိုး "
ဦးထွန်းတင့်က တိုးတိုးပြောရန် အချက်ပြသည်။
"ဦးဘာသာ စီစဉ်ထားတယ် "
နီးကပ်လွန်းလှသည့်အသံကြောင့် မိသီ
ဝန်းကျင်ကို အထိတ်တလန့်ကြည့်မိသည်။
ကုတင်တစ်လုံးပေါ် သူစိမ်းအမျိုးသားတစ်ဦးနှင့် ကပ်လျက်ယှည်ထိုင်နေမိသည်ကို မိသီသတိထားမိလာသည်။မိသီ ကုတင်ပေါ် အလန့်တကြား ဆင်းကာ
"မိသီ ဘယ်နေရာ ရောက်နေတာလဲ"
"ဦး အခန်းပါ "
မိသီ ခေါင်းထဲမူးမိုက်လာသည်။ အမြင်အာရုံတို့ ပြာဝေသွားသည်။
ခြေတို့သည် ရပ်တည်နိုင်စွမ်းမရှိတော့ပဲ ကုတင်ဘေးမှာ ညွှန့်ခနဲ ခွေကျသွားသည်။
" လူယုတ်မာ ကြီး "
အံကြိတ်ကာ အော်၍ ချုံးပွဲချ ငိုလေသည်။
ရှက်ဒေါသကြောင့် အသားတဆတ်ဆတ်တုံယင်လာသည်။
ဦးထွန်းတင့်ကို နာကြည်းစွာ ကြည့်ရင်း
YOU ARE READING
လမ်းကြုံလိုက်လာတယ်
Horrorhorror သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲပါ။ ငြိမ့်ငြိမ့်လေးနဲ့ feel ရင်း လမ်းကြုံလိုက်ခဲ့ကြပါ လို့ ဖိတ်ခေါ်ပါရစေဗျာ...။