လမ်းကြုံလိုက်လာတယ်(၁၁)

7 2 0
                                    

**လမ်းကြုံလိုက်လာတယ် (၁၁)**

"အ မေ့ "
မိသီထိတ်လန့်ခြောက်ခြားစွာ အော်လိုက်သည်။လက်ထဲမှဗူးဝိုင်းလေးပြုတ်ကျသွားသည်။
မီးဖိုတံခါးပေါက်အလယ်မှာ အမျိုးသမီးကြီး တစ်ယောက်
ရပ်နေသည်။
တစ်ခေါင်းလုံးဖြူနေသောဆံပင်များက သူမပခုံးမှတစ်ဆင့်
ရင်ဘတ်အထိ ဖြာကျနေသည်။ထိုဆံပင်များက  မျက်နှာပေါ်မှာလည်း ဝဲကာဖြာကျနေသည်။ ဆံပင်များကြားက သူမ၏ မျက်လုံးများက
ပုံမှန်မဟုတ်။ဟောက်ပက်နေသည့် မျက်တွင်းထဲမှ စူးရဲတောက်ပနေသည့် မျက်လုံးများက မိသီကို စားမတ်ဝါးမတတ် ကြည့်နေသည်။
"ဟီးဟီး...ဟီး"
အမျိုးသမီးကြီးက ရယ်ပြကာ မိသီထံ တရွေ့ရွေ့တိုးလာသည်။ နီးလာသည့်အခါ သူမ၏အံသွား ကြိတ်သံတကျစ်ကျစ် ပါ မိသီ ကြားရပြန်သည်။
ဝါကျင်ညစ်ပတ်နေသည့်သွားများက မည်းနက်နေသည့်
နှုတ်ခမ်းကြားမှ ကြောက်မက်ဖွယ်ရာ ထင်းခနဲ မြင်နေရသည်။
"လင်ခိုးမ "
အမျိုးသမီးကြီးထံမှ စူးစူးဝါးဝါး ထွက်လာသည်။
"မ မဟုတ်ဘူး မဟုတ်ဘူး မလာနဲ့နော်"
မိသီ နောက်ကိုဆုတ်သည်။ အမျိုးသမီးကြီးက မိသီထံ တိုးသည်။ ရှေ့တိုးသူနှင့် နောက်ဆုတ်သူ။
"ဟင် ဟင့်အင့် ကြောက်တယ် သူဌေး သူဌေး ဘယ်ရောက်နေတာလဲ မိသီ ကြောက်တယ် "
ဦးထွန်းတင့်ကို အော်ဟစ်အကူအညီတောင်းလိုက်မှ အမျိုးသမီးကြီး ရဲ့ လှုပ်ရှားမှုက ပို၍ မြန်လာသည်။
"နင့်လင် ကို ခေါ်မနေနဲ့ ငါသတ်လိုက်ပြီ "
"ဟာ .."
မိသီ နောက်ကို ဆုတ်၍မရတော့။ ကျော်ပြင်မှာ အေးခနဲဖြစ်သွားသည်။ ကျောပြင်နှင့် အုတ်နံရံကပ်လျက်။
ဖြစ်နိုင်ရင် သူမနဲ့ဝေးရန် နံရံကနေ ဖောက်ထွက်ချင်သည်။
"ရှင် ရှင်ဘယ်သူလည်း သူဌေးကို ဘာလုပ်လိုက်တာလဲ"
"ဟီးဟီး...ဟီး..သူ့ကို သတ်လိုက်တာ ဟော့ဒီလို လည်ပင်ညစ်သတ်လိုက်တာ.."
ပြောပြောဆိုဆို အမျိုးသမီးကြီးရဲ့ လက်များက မိသီလည်ပင်ကို ဖျတ်ခနဲ ဆုတ်ကိုင်လိုက်သည်။
" လွှတ် လွှတ်နော် အ အ "
မိသီ က အမျိုးသမီး၏လက်များကို အားရှိသ၍ ဖယ်ရှားသည်။ အမျိုးသမီး၏ လက်တို့က အရွယ်နှင့်မလိုက်အောင် သန်မာနေသည်မို့ မိသီ မနည်းခုခံနေရသည်။
"အ. အ အင့် "
မိသီ အသက်ရှု၍ မဝတော့။ မိသီ သေရတော့မည်လား။နောက်ဆုံး ကြိုးစားမှုအဖြစ် မိသီလက်တစ်ဖက်က တစ်စုံတစ်ရာ ကိုကြိုးစားရှာဖွေနေသည်။
"ဟီးဟီး သေစမ်း သေကြစမ်း"
ကြောက်မက်ဖွယ် ကြိမ်းသံကြီးဖြင့် အငြိုးတကြီး လည်ပင်ညစ်
နေသည့်ဘအမျိုးသမီးကြီးထံမှ အင့်ခနဲ အင့်ခနဲ အသံများ ဆက်တိုက်ထွက်လာသည်။ထိုနောက် သူမ၏လက်များ တဖြည်းဖြည်းပြေလျော့သွားကာ သူ့ရင်အုံကို ငုံ့ကြည့်လိုက်သည်။ ဘယ်ဘက်ရင်အုံတွင် သွေးများရဲရဲနီလေပြီ။
"နင် နင် ငါ့ကို ငါ့ကို..." ဟု ‌မိသီကို လက်ညှိုးထိုးရင်း
ပြိုလဲကျသွားစဉ်
"မိသီ "
ဦးထွန်းတင့် ရောက်လာကာ မိသီကို အံဩစွာကြည့်နေသည်။
တဆတ်ဆတ်တုန်နေသော မိသီလက်ထဲမှ ဓားသည်
သွေးများပေကျံလျက်။ သွေးစက်တို့ တမံတလင်းပေါ်သို့
တစက်စက်ကျလျက်။
"မိသီ "
ဦးထွန်းတင့်ရဲ့ အော်သံကြောင့် မိသီသတိပြန်ကပ်လာကာ
သူမလက်ကို ကြည့်မိရာ
"အံမယ်လေး.."
တမံတလင်းနှင့်ဓားထိခတ်သံကို မိသီရော ဦးထွန်းတင့်ပါ  ခြောက်ခြားစွာ ကြားရသည်။
မီးဖိုထဲတွင် ဓားတစ်လက်၊အလောင်းတစ်လောင်းနှင့် လူနှစ်ယောက်။
...........................................................

မြေအောက်ခန်းထဲတွင် လူနှစ်ယောက်အလုပ်ရှုပ်နေကြလေပြီ။
" အလောင်းကို ကူမစမ်း ရွှေဘိုပြန်တွေမလာခင်"
",ဟုတ် "
မသေမသပ် တူးထားသည့် ကျင်းထဲသို့ လူသေကောင်ကို ပစ်ချရန် ကြိုးစား‌နေ ကြသည်။ ဦးထွန်းတင့်က ခေါင်းကမ၍ မိသီက ခြေထောက်က မ သည်။
မြေအောက်ခန်းသည် အလင်းရောင်နည်းပါး၍ အရာရာက မပီဝိုးတဝါး။ သို့သော်လက်နှိပ်ဓာတ်မီးအား ဖြင့် အလောင်းဖျောက်နေကြသည်။
"ပစ်ချ လိုက်တော့ "
"အင့် "
ကျင်းထဲအရောက် လူသေကောင်ထံမှ အင့် ခနဲ ကြားလိုက်ရစဉ်
"အံမယ်လေး မသေ သူ မသေသေးဘူး "
မိသီ ကြောက်လန့်တကြား ဦးထွန်းတင့်၏ လက်မောင်းကို ဆွဲကိုင်ထားတော့သည်။
" သေပါပြီ "
"မိသီ သူ့အသံ ကြားလိုက်ရတယ် "
"စိတ်ထင်လို့ပါ ကဲ မြေဖို့ရအောင် ရွှေဘိုပြန်တွေ ရောက်လာရင် အကုန်ဒုက္ခ ရောက်ကုန်မယ် "
စိတ်မရှင်း၍ အလောင်းကို ဓာတ်မီးဖြင့် ထိုးကြည့်ကြသည်။
လူသေကောင်း၏ လက်ချောင်း‌အဖျားလေးများ လှုပ်သွားသည်ကို မိသီမြင်ရပြန်သည်။
"လက် လက်လေးတွေလှုပ်နေတယ် "
"မလှုပ်ပါဘူး ကဲကဲ မြေဖို့စို့"
"ဟင့်အင့် မဖိုရဲဘူး သူမသေသေးဘူး "
"သေပါပြီဆို  မယုံရင် ငုံ့ကြည့်  "
"မကြည့်ရဲဘူး "
"စိတ်ရှင်းအောင် လာကြည့် ကြည့်ပြီးရင် မြန်မြန်ဖို့မှရမယ်
အချိန်မရှိတော့ဘူး "
မိသီ ကြောက်ကြောက်ဖြင့် ကျင်းထဲကိုငုံ့အကြည့် လူသေကောင်းကြီး ရဲ့ခေါင်းက ဆတ်ခနဲ ထောင်လာကာ
မိသီကို စိုက်ကြည့်သည့်အခိုက်...
ဆက်ရန်...

လမ်းကြုံလိုက်လာတယ်Tempat cerita menjadi hidup. Temukan sekarang