လမ်းကြုံလိုက်လာတယ်(၈)

8 2 0
                                    

** လမ်းကြုံလိုက်လာတယ်( ၈ )**

"မိသီ မမလေးက ခဏလာအုံးတဲ့"

အလုပ်ဆင်းရန် ခေါင်းပေါင်း‌ဆောင်းနေစဉ် ကိုထက်က ပြောခြင်းဖြစ်သည်။ကိုထက်က မသီရိမြိုင် ၏ မောင်ဝမ်းကွဲ။
မမလေး လို့ အများခေါ်ကြတဲ့ သီရိမြိုင်က ဦးထွန်းတင့်၏
သမီးအကြီးဆုံး။ စီးပွားရေးအရာမှာ အားကိုးရသည့် သမီးအလိမ္မာ။ ဦးထွန့်တင့် လက်လွဲလို့ရသည်အထိ အားကိုးရသူ။

"မိသီ ရောက်ပါပြီ မမလေး "

"အေး"

သီရိမြိုင်က စာရင်းစစ်ရင်း ဖြေသည်။ မသီတာကို ‌မော့မကြည့်အားအောင်အလုပ်ရှုပ်နေသည်။
သီတာက သူမရှေ့တွင် ရို့ရို့လေးရပ်နေရသည်။ခဏနေမှ
ဘော်ပင်လှည့်ရင်း သီတာ့ကို မော့ကြည့်ကာ

"ဒီနေ့ စက်ထဲမှာ အလုပ်မဆင်းတော့နဲ့ "

ရုတ်တရက်ကြားလိုက်ရသည့်စကားကြောင့်
မသီတာရင်ဝကို အပူလုံးကြီးဆောင့်တက်လာသည်။

"ရှင် အလုပ်ဖြုတ်လိုက်တာလား ဟို မိသီမှာ ဘာ ဘာအပြစ်."

"ဟဲ့ ငါပြောတာဆုံးအောင်နားထောင်အုံးလေ နင့်ကိုဘယ်သူကအလုပ်ဖြုတ်တယ်ပြောလို့လဲ "

သီရိမြိုင်စကား‌ ကြောင့် မသီတာ့ရင်ထဲ အပူလုံး ကျသွားသည်ဆိုသော်လည်း ရင်ထဲကတလှပ်လှပ်ဖြစ်နေဆဲပင်။

"ငါပြောမယ် သေချာနားထောင် အိမ်မှာထမင်းချက်တဲ့ မြို့ပေါ်ကကောင်မ ဘာဓာတ်ဖောက်သွားတယ်မသိဘူး
ပြန်ပြေးသွားပြီ အဲ့ဒါ သူ့နေရာ ညည်းခဏဝင်ရမယ်
ပြီးတော့ ညည်းကလည်း ထမင်းဟင်းအချက်ကောင်းတယ်လို့ ငါကြားတယ်"

အလုပ်ရှင်ရဲ့ ချီးကျူးစကားကြားရတော့ မသီတာ အားတက်သွားပါတယ်။

"ဟုတ်ကဲ့ မမလေး "

" နေအုံး ငါ့စကားမပြီးသေးဘူး ညည်းကို အစမ်းခေါ်ကြည့်တာ ငါစိတ်တိုင်းကျရင် ဆက်ထားမယ် စိတ်တိုင်းမကျရင် စက်ထဲပဲ ပြန်သွားရမယ် ကဲ မီးဖိုချောင်းထဲသွားတော့ ဒေါ်စိန်စောင့်နေလိမ့်မယ် "

ဟုတ် ဟု ခေါင်းညိမ့်ကာ မီးဖိုချောင်းထဲ သီတာဝင်သွားသည်။

လမ်းကြုံလိုက်လာတယ်Where stories live. Discover now