လမ်းကြုံလိုက်လာတယ်(၆)

7 2 0
                                    

**လမ်းကြုံလိုက်လာတယ် ( ၆ )**

"အရေးထဲ တံခါးက မပွင့်ဘူး ဟ "

ကားသမားရဲ့ အသံ။
သီချင်းသံ ရုတ်တရက်တိတ်သွားသလို မင်းသမီးလေးလည်းမရှိတော့။ ဆောင်းနံနက်ခင်းမှာ ကျွန်တော်တို့ ချွေးတွေကိုယ်စီနဲ့။ ကြောက်စိတ်ကြောင့် ဇောချွေးများ ထွက်နေပြီ။
လမ်း‌ဘေးက ကားပေါ်မှာ ကျွန်တော်နဲ့ကားသမားဟာ
ကားခေါင်းထဲ အလုံပိတ်မိနေလေပြီ။

"သူ သူတို့ ဘယ်ရောက်သွားကြပြီလဲ"

ကားသမားက ခြောက်ခြားစွာ မေးပြန်လေပြီ။
စောစောက သွေးပျက်ခြောက်ခြားစရာမြင်ကွင်း၊အသံများက ယခုတော့ အိပ်မက်ပမာ။

"အိပ်မက် မက်နေတာများလား ဖြောင်း ဖြောင်း"

ကားသမားက သံသယဝင်ကာ သူ့ပါးကို ဘယ်ပြန်ညာပြန်ရိုက်ကြည့်လေတယ်။ အရူးပမာ ကယောင်ခြောက်ခြားတွေ ဖြစ်ကုန်ကြပြီ။

"ဖြောင်း ဖြောင်း ..."

ကျွန်တော်လည်း ကိုယ့်ပါးကိုရိုက်ကြည့်မိတယ်။
ပူထူသွားအောင်နာတာမို့ အိပ်မက်မဟုတ်မှန်း သိသွားပြီ။

"အား နာတယ် နာတယ် အိပ်မက်မဟုတ်ဘူး "

ကားသမားရဲ့ စိတ်ပျက်အားလျော့အသံ။

"ဟုတ်ပြီ ကားမှန်ဆွဲချပြီး အပြင်တိုးထွက်ရနေတာပဲ "

ရုတ်တရက်အကြံရကာ
ကားသမားက တံခါး ခလုပ်ကို  လှည့် ပေမဲ့ကားမှန်က ပကတိအတိုင်း။ရုတ်တရက်ကားသမားက ဒေါသတကြီး

"ဟေး..ဘာလဲကွ ဘာဖြစ်ချင်တာလဲ ငါ့ကို ဘာကောင်မှတ်နေလဲ မ မကြောက် မကြောက်ဘူးကွ."

လို့ ငိုသံပါကြီးနဲ့အော်ပါတယ်သူအော်လို့အပြီးမှာပဲ

"အင်း...ဟင်း..ဟင်း......"

မိန်းမတစ်ယောက်ရဲ့ ညင်းသံရှည်ကြီးကြားရပါတယ်။
ကားခေါင်းအမိုးပေါ်ကနေ ကြားရတယ်။ ကျွန်တော်နဲ့ကားသမား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြတယ်။ပြီး ကားအမိုးကို မော့ကြည့်ကြတယ်။

"အင်း ...ဟင်း...ဟင်း..."

ညည်းသံရှည်ကြီးက ကြောက်မက်ဖွယ်ရာ ကြားရဆဲ။
် ကားမှန်တံခါးမှာ ဖျတ်ခနဲ အရိပ်တစ်ခု ပေါ်လာသလိုထင်မိလို့

လမ်းကြုံလိုက်လာတယ်Dove le storie prendono vita. Scoprilo ora