Part-4💚

5.8K 181 0
                                    

"ပြန်လာပြီလား ရှိန်း"

"ရောက်နေတာလား အန်ကယ်"

"မနေ့က ဖွင့်ပွဲ အဆင်ပြေရဲ့လား"

"ပြေပါတယ် အန်ကယ် အခု ဘာကိစ္စရှိလို့လဲ"

"ထုံးစံအတိုင်းပေါ့ ရှိန်း"

"အဲ့ဒီကိစ္စဆိုရင်တော့ ဒီနေ့မပြောတာကောင်းမယ် အန်ကယ် ကျွန်တော် စိတ်သိပ်မကြည်လို့"

"မင်းစိတ်မကြည်လဲ ပြောရမှာပဲ ရှိန်း မင်းအသက်အရွယ်ကိုကြည့်ဦး အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်နေပြီ ဟိုဘက်ကလည်း မိန်းကလေးရှင်ဖြစ်ပြီး ဒီလောက်ကမ်းလှမ်းနေတာ မင်းအနေနဲ့ အားနာဖို့ကောင်းတယ်"

"အားနာတာနဲ့ပဲ အန်ကယ်က ကျွန်တော့်အိမ်ထောင်ရေးကို ဟင်းရွက် ကန်စွန်းရွက်ရောင်းသလို လုပ်မလို့လား"

ဦးထင်လင်းက လက်ထဲက ကော်ဖီခွက်ကို ဂွက်ခနဲ ပစ်ချလိုက်ပြီး သူ့ကိုလှမ်းကြည့်လာသည်။

"ငါ မင်းကိုပြောနေတာ စီးပွားရေးအတွက်ကွ မင်းသာ သူ့သမီးနဲ့လက်ထပ်လိုက်ရင် ငါတို့ကုမ္ပဏီရဲ့ အကျိုးအမြတ်က အရမ်းများသွားမှာ"

"အန်ကယ့် ကုမ္ပဏီပါ ကျွန်တော့်ကုမ္ပဏီမဟုတ်ဘူး"

သူက ဦးထင်လင်းကို စူးစူးစိုက်စိုက်ကြည့်ရင်း ပြောသည်။

"မင်းအဖေ ငါ့အစ်ကိုသာ ရှိရင် ဒီလိုဖြစ်စေချင်မှာမဟုတ်ဘူး"

"ဟုတ်တယ် ဖေဖေက သူ့သားဖြစ်ချင်တာကို ဖြစ်ခွင့်ပေးမှာပဲ"

သူ့စကားကို ဦးထင်လင်းမျက်နှာပျက်သွားပြီးမှ ပြန်ထိန်းလိုက်ရင်း နေရာမှ ထရပ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်းကို ဒီအသက်အရွယ်ရောက်တဲ့အထိ ငါကျွေးမွေးစောင့်ရှောက်ထားခဲ့တာ ငါပြောတဲ့အတိုင်း မင်းလုပ်ရမယ်"

ပြောချင်ရာပြောပြီး ထထွက်သွားသော ဦးထင်လင်းကို ကြည့်ပြီး သူ သက်ပြင်းချရင်း ဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။

ငယ်ငယ်ကတည်းက အခုထိ ဦးလေးဖြစ်သူ​၏ ထိန်းချုပ်မှုအောက်မှာ နေခဲ့ရပြီး ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရခဲ့...။ အန်ကယ်က သူလိုချင်သလို သူ့ကို ပုံစံသွင်းခဲ့သည်။ အခုထိလည်း သူ့ပုံစံခွက်ထဲ ထည့်နေဆဲ...။
________________________________

တိတ်တခိုး ချစ်ရသော....❤️ Where stories live. Discover now