Part-26🦋

4.3K 119 0
                                    

သူ ဦးမျိုးမြင့်ဝေအိမ်ရဲ့ တံခါးဘဲလ်ကို အဆက်မပြတ်နှိပ်ပ်ကာ စောင့်နေမိသည်။ တော်တော်ကြာမှ လူတစ်ယောက်ရောက်လာပြီး...

"ဘာကိစ္စရှိလို့လဲ"

"ဦးမျိုးမြင့်ဝေရှိလား"

"ဟုတ်ကဲ့၊ ဆရာ ရှိပါတယ်၊ ဘယ်သူလို့ ပြောပေးရမလဲ"

"ရှိန်းဆက်ထင်လို့ ပြောလိုက်ပါ"

ထိုလူက အိမ်ထဲဝင်သွားပြီး ခဏကြာတော့ ပြန်ထွက်လာကာ တံခါးဖွင့်ပေးသည်။ သူဝင်ခဲ့တော့ ဦးမျိုးမြင့်ဝေက ဧည့်ခန်းမှာ ထိုင်နေ​၏။

"ထိုင်ပါ မောင်ရှိန်းဆက်ထင်၊ ဘာကိစ္စရှိလို့လဲ"

"မုန်းပန်းဝေ ရှိလား အန်ကယ်၊ ကျွန်တော် သူနဲ့တွေ့ချင်လို့ပါ"

"မင်းက ဦးသမီးကို ဘာကိစ္စတွေ့ချင်တာလဲကွဲ့၊ မင်းတို့နဲ့ ပတ်သတ်ရမဲ့ ကိစ္စတွေက အကုန်ပြီးသွားပြီ မဟုတ်လား"

"အဲ့ဒီကိစ္စတွေကြောင့် လာတာမဟုတ်ပါဘူး၊ ကျွန်တော် သူနဲ့တွေ့မှ ဖြစ်မဲ့ကိစ္စလေး ရှိလို့ပါ"

သူ့ကိုကြည့်ပြီး ဦးမျိုးမြင့်ဝေက မျက်နှာထားကိုလျှော့လိုက်ကာ....

"သမီး ခရီးထွက်သွားတာ နှစ်ရက်ရှိပြီ မောင်ရှိန်းဆက်ထင်၊ မင်းလည်းသိတဲ့အတိုင်းပဲ၊ အခုတလော သူ့မှာ စိတ်ရှုပ်စရာတွေ အရမ်းများနေတာ"

"ဟုတ်ကဲ့ စိတ်တော့မရှိပါနဲ့ အန်ကယ်၊ သူ ဘယ်သွားမယ်လို့ပြောသွားသေးလဲဗျ"

"အဲ့လိုတော့ ပြောမသွားဘူး၊ မောင်ရှိန်းဆက်ထင်ကြည့်ရတာ တော်တော် အရေးကြီးနေပုံရတယ်၊ ဘာကိစ္စများလဲ"

သူ ဦးမျိုးမြင့်ဝေကို အကဲခတ်ကြည့်တော့ ဘာမှသိပုံမပေါ်..။

"အရေးတော့မကြီးပါဘူး အန်ကယ်၊ သူပြန်လာမှပဲ ကျွန်တော် ပြန်လာခဲ့ပါ့မယ်၊ ခွင့်ပြုပါဦး"

"ကောင်းပါပြီ"

__________________________________

"ရှင့်ကို လူကြီးလူကောင်းတစ်ယောက်လို့ ထင်ထားခဲ့တာ မမုန်းပန်းဝေ"

"အဟင်း...မင်းအပေါ်ဆို တို့က လူကြီးလူကောင်းမဆန်ချင်ဘူး နွေအလင်္ကာဦး၊ မင်းစဉ်းစားကြည့်စမ်း အခုဆို ရှိန်း ဘယ်လောက်တောင် ပူပန်နေရမလဲဆိုတာ"

တိတ်တခိုး ချစ်ရသော....❤️ Donde viven las historias. Descúbrelo ahora