Part-22🍁

4.6K 138 0
                                    

"ရဲသွေး မင်း များနေပြီ တော်တော့"

"လွှတ်စမ်းပါကွာ"

"မင်း ဘယ်တုန်းက ဒီလောက်သောက်ဖူးလို့လဲ ဟေ့ကောင်တွေ ထိန်းဦးဟ"

မာန်က သူ့ကို တားနေတဲ့ ဟိန်းဦးကို အတင်းတွန်းရင်း တစ်ခွက်ပြီး တစ်ခွက် ဆက်သောက်နေသည်။

"မင်း ကားမောင်းရဦးမှာနော် ရဲသွေး၊ ဒီလောက်ပဲ သောက်တော့"

"မင်း စကားအရမ်းများတာပဲ ဟိန်းဦး၊ ငါ ဆက်သောက်ဦးမှာ ဆက်သောက်မှ သူ့ကို မေ့နိုင်မှာကွ"

အာလေး လျှာလေးနှင့် ပြောနေသော မာန့်ကိုကြည့်ပြီး ဟိန်းဦး သက်ပြင်းချသည်။

"ဟေ့ကောင် နွေဦးက လက်ထပ်သွားပြီ၊ ငါ့ကိုတောင် ရေရာတဲ့အဖြေပေးမသွားဘူးကွ"

"မင်းလည်း သူ့ကိုမေ့သင့်နေပြီမဟုတ်လား"

"အေး မေ့အောင် သောက်နေတာလေကွာ၊ အဲ့ဒါကြောင့် မင်းတို့ တိတ်တိတ်လေးနေပေး ဟုတ်ပြီလား၊ ခဏ အိမ်သာ ခဏသွားဦးမယ်"

ပြောပြောဆိုဆို မာန်က ဟိုဟာ ဝင်တိုက် ဒီဟာ ဝင်တိုက်နဲ့ဒယီးဒယိုင် လျှောက်သွားခဲ့သည်။ သန့်စင်ခန်းက ထွက်လာတော့ လူတစ်ယောက်က သူ့ရှေ့ပိတ်ရပ်နေတာကြောင့်

"ခင်ဗျားပဲ ပိတ်ရပ်နေတာလား၊ ကျွန်တော်ကပဲ မူးနေတာလား"

"ငါက ပိတ်ရပ်နေတာ"

"အဲ့ဒါဆို ဖယ်ပေးဗျာ၊ ကျွန်တော် ဆက်သောက်ရဦးမယ်"

"မင်း ခုနက ငါ့ကို ဝင်တိုက်သွားတယ်လေ၊ အဲ့ဒါပြန်တောင်းပန်ရင် ဖယ်ပေးမယ်"

"ကျွတ် ဒီလူ ဘာလဲ အာရုံလာနောက်နေတယ်"

မာန်နှင့် လူတစ်ယောက် အချေအတင်ဖြစ်နေကြတာကို ဟိန်းဦး လှမ်းမြင်လိုက်သည်။

"ဟေ့ကောင်တွေ ဟိုမှာ ရဲသွေးကို သွားထိန်းဦး၊ အဲ့ဒီလူက တစ်ကယ့်လူနော်၊ သွားငြိရင် ပြဿနာတွေ တက်ကုန်မယ်"

"လာ လာ သွားခေါ်ရအောင်"

"ခွပ် ဝုန်း"

ဟိန်းဦးတို့ မာန့်အနားပင် မရောက်သေး...။ မာန်နှင့် ထိုလူက တစ်ယောက်တစ်ချက်ထိုးကာ နှစ်ယောက်သား လုံးထွေးနေ​၏။

တိတ်တခိုး ချစ်ရသော....❤️ Opowieści tętniące życiem. Odkryj je teraz