Part-15💕

4.9K 139 0
                                    

"🎵×🎶×🎵×🎶×🎵"

"ဟယ်လို"

"မောင်ရှိန်းဆက်ထင်လား"

"ဟုတ်ပါတယ်"

"မောင်ရှိန်းဆက်ထင် သမီး...နွေဦး ကားတိုက်ခံရလို့"

ဒေါ်စန္ဒာချိုက ငိုသံနှင့်ပြောနေတာကြောင့် သူ ကားသော့ကို ယူကာ ချက်ချင်း အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။

"အခု ဘယ်ဆေးရုံမှာလဲ အန်တီ"

" ××××ဆေးရုံမှာ သား"

"ကျွန်တော် အခုလာခဲ့မယ်"

ခုနကမှ သူမအိမ်က ပြန်လာတာကို အခု ကားတိုက်ခံရတယ် တဲ့လား...။ ကားဂိုထောင်ဆီ သွက်သွက်ဆင်းလာတော့ ဦးမောင်က နောက်က လိုက်လာရင်း...

"ရှိန်း ဘယ်သွားဦးမလို့လဲ သား၊ အခုမှ အပြင်က ပြန်လာတာ မဟုတ်ဘူးလား"

"ကျွန်တော် အရေးကြီးနေလို့ ဦးမောင် အပြန် တော်တော် နောက်ကျလိမ့်မယ်၊ ကျွန်တော့်ကို မစောင့်ကြနဲ့"

ဦးမောင်ကို ပြောပြီး ကားကို အရှိန်ပြင်းစွာ မောင်းထွက်ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ကားတိုက်ခံရသည်တဲ့...။

"ဘာမှ မဖြစ်ပါနဲ့ကွာ..."

ဆေးရုံရောက်တော့ ဒေါ်စန္ဒာချိုက အခန်းရှေ့မှာ ရပ်နေသည်။ အခန်းထဲကို လှမ်းကြည့်တော့ သူမက ဒဏ်ရာအပြည့်နှင့် ခုတင်ပေါ်မှာ လှဲနေ​၏။

"နွေအလင်္ကာဦး ရဲ့ လူနာရှင် ရှိလား..."

"ဟုတ်ကဲ့"

"ဦးခေါင်းခွံအတွင်း သွေးယိုစီးမှုကြောင့် အခုချက်ချင်း ခွဲစိတ်မှု လုပ်ရပါမယ်"

"ရှင်..."

ဆရာဝန်နှင့် သူနာပြုအချို့က ပြောပြီးပြီးချင်း အခန်းထဲဝင်သွားကာ သူမကို ခွဲစိတ်ခန်းထဲပို့ရန် ပြင်နေကြသည်။ ဒေါ်စန္ဒာချိုက ဘာမှပြန်မပြောနိုင်ပဲ အနားက ခုံပေါ် ထိုင်ချရင်း ရှိုက်ကာ ငိုနေ​၏။

သူက ဆရာဝန်တွေခေါ်သွားသော သူမကို ကြည့်ရင်း လွန်ခဲ့တဲ့ အနှစ် ၂၀ က ပုံရိပ်တွေက မျက်လုံးထဲ တရိပ်ရိပ် ပေါ်လာ​၏။

အဲ့ဒီအချိန်တုန်းက ဖေဖေဆုံးသွားခဲ့ပြီး ဖေဖေ့ညီဖြစ်တဲ့ ဦးထင်လင်းက သူ့အိမ်ကို ခေါ်လာကာ စောင့်ရှောက်ပေးခဲ့သည်။ အန်ကယ်က အဲ့ဒီအချိန်တုန်းက ကြင်နာနွေးထွေးတဲ့ လူတစ်ယောက်ဖြစ်ခဲ့ပြီး ရှိန်း အပေါ်မှာ သူ့အသားအရင်း ထိန်လင်းအောင်နှင့်တန်းတူ ချစ်ခင်ခဲ့​၏။ ဦးထင်လင်းလိုပဲ ထိန်လင်းအောင်ကလည်း ရှိန်းအပေါ်ကို ညီအရင်းလို ဂရုစိုက်ကြင်နာပေးခဲ့သည်။ တစ်နေ့....

တိတ်တခိုး ချစ်ရသော....❤️ Tempat cerita menjadi hidup. Temukan sekarang