မျက်လုံးဖွင့်ဖွင့်ချင်း သူ့မျက်နှာ ရှင်းသန့်သန့်က သူမ မျက်စိရှေ့တည့်တည့်မှာ ရှိနေသည်။ သူမ ခန္ဓာကိုယ်လေးကတော့ သူ့ရင်ခွင်ထဲမှာ ရှိနေပြီး သူက တင်းကျပ်စွာ ဖက်ထားလျက်...။
မနေ့ညက အဖြစ်အပျက်တွေကို ပြန်တွေးမိတော့ ရင်တွေ လှိုက်ဖိုလာကာ မျက်နှာတစ်ခုလုံး ရှိန်းခနဲ...။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရင်း စောင်ကို ပခုံးအပေါ်ထိ ဆွဲတင်လိုက်သည်။
"နိုးနေပြီလား"
"ဟင်...အင်း..ဟုတ် ကိုကို"
သူက သူမမေးဖျားလေးကို ဆွဲယူပြီး နဖူးလေးကို ရွှတ်ခနဲ နမ်းတော့ မျက်နှာလေး ရဲလျက် အောက်ကို ပြန်ငုံ့သွားသည်။
"ဘာဖြစ်တာလဲ"
"ရှက်လို့..."
"ရှက်လို့..? ဘာလို့ရှက်တာလဲ"
"မသိဘူး"
"ထ ကျောင်းသွားဖို့ ပြင်တော့ ကိုကိုလိုက်ပို့မယ်"
"အင်း"
ခန္ဓာကိုယ် တစ်ခုလုံးကို စောင်နဲ့လုံးထွေးကာ ပတ်လိုက်ပြီး သူ့ကို မျက်နှာလွှဲကာ ရေချိုးခန်းထဲ ပြေးဝင်သွားသည်။ သူက တစ်ယောက်တည်း ပြုံးရင်း အိပ်ယာပေါ်မှ ဆင်းကာ သူမနောက်ကနေ လိုက်ဝင်သွားတော့....
"ကိုကို.!! ဘာ..ဘာလုပ်မလို့လဲ"
"ရေချိုးမလို့ပေါ့ ကလေးလေးရဲ့"
"နွေဦး မပြီးသေးဘူးလေ"
"သိတယ်လေ"
"အဲ့ဒါဆို အပြင်ထွက်ပေး"
"မထွက်ဘူး အတူတူ ချိုးမလို့ လာတာ"
"ဟာ...ကိုကိုနော် သွားပါဆို"
သူမစကားကို လျစ်လျူရှုကာ သူမ ခန္ဓာကိုယ်လေးကို နံရံဘက်ကို တွန်းရင်း...
"ချစ်လား ကိုကို့ကို"
"အင်း..."
"ကိုကိုလဲ ကိုကို့ကလေးလေးကို သိပ်ချစ်တယ်"
သူက ပြောပြီး သူမနှုတ်ခမ်းလေးကို ငုံ့နမ်းပစ်လိုက်သည်။
__________________________________
"ဟယ်လို ပန် ပြော"
"မာန် ငါ...ငါ Accident ဖြစ်လို့"
YOU ARE READING
တိတ်တခိုး ချစ်ရသော....❤️
Romanceတစ်နိုင်ငံလုံးမှာသာမက ပြည်ပအထိ ထူးချွန်အောင်မြင်တဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၊ အလုပ်ကလွဲပြီး ကျန်တာ စိတ်မဝင်စား၊ အမြဲအေးတိအေးစက်နေတတ်တဲ့ ရှိန်း....❤️ ဂျာနယ်ထဲကတစ်ဆင့် အမှတ်မထင်တွေ့ပြီး ရှိန်းကို စိတ်ဝင်စားသွားတဲ့ သာမန်တက္ကသိုလ်ကျောင်းသူလေး...