Part-12💘

4.1K 131 0
                                    

"ချာတိတ်...ကိုယ်ပါ"

သူက ပြောရင်း လဲကျနေတဲ့သူမကို ဆွဲထူပေးလိုက်သည်။ အဲ့ဒီတော့မှ သူမ သက်ပြင်းချရင်း...

"ဦး...နွေဦးနောက်ကို တစ်ယောက်ယောက်လိုက်လာတယ်"

သူမ တုန်ရီစွာပြောရင်း နောက်ကို လှည့်ကြည့်သည်။ သူမကြည့်တဲ့နောက်ကို သူလှမ်းကြည့်လိုက်တော့ လူတစ်ယောက်က သူတို့ကို လှည့်ကြည့် လှည့်ကြည့်နှင့် ထွက်ပြေးသွားသည်။

"သွားမယ် ချာတိတ်"

"ဟင်..ဘယ်ကိုလဲ"

"မင်းအိမ်ကို...လိုက်ပို့ပေးမယ်"

"ဪ..ဟုတ်"

"လမ်းလျှောက်နိုင်လား"

"လျှောက်နိုင်ပါတယ် ဦး"

သူက ဘာမှဆက်မပြောတော့ပဲ သူမဘေးကနေ တိတ်ဆိတ်စွာ လမ်းလျှောက်နေသည်။

"ဦးက ဒီနားမှာ ကိစ္စရှိလို့လားဟင်"

သူမ မေးမှ သတိရသည်။ သူ ဒီဘက်ကို ဘယ်လိုရောက်လာပါလိမ့်...။ သူမကို လှည့်ကြည့်တော့ သူ့ကို မျက်လုံးဝိုင်းလေးတွေနှင့် မော့ကြည့်နေသည်။

"ကိုယ့်မိတ်ဆွေတစ်ယောက်ဆီ လာတာ.."

သူမကို မျက်နှာလွှဲရင်း သူပြန်ဖြေလိုက်သည်။

"ဘယ်သူလဲဟင် ဦး...ဒီလမ်းထဲကဆိုရင်တော့ နွေဦးသိလောက်တယ်"

"သိတော့ရော မင်းက ဘာလုပ်မှာလဲ"

"ဘာမှမလုပ်ပါဘူး ဒီတိုင်းပဲ မေးကြည့်တာ"

သူ့ မျက်နှာထားတင်းတင်းကို မြင်ပြီး သူမ ဆက်မမေးတော့ပဲ ဆက်လျှောက်ခဲ့သည်။

"သမီး.."

"မေမေ"

"ဘာလို့ နောက်ကျနေတာလဲ..မေမေစိတ်ပူနေတာ"

ပြောနေရင်း ဒေါ်စန္ဒာချို့မျက်လုံးတွေက သူ့ဆီရောက်သွားသည်။

"မောင်ရှိန်းဆက်ထင်.."

ဒေါ်စန္ဒာချိုက သူ့နာမည်ကို ရေရွတ်လိုက်တော့ သူယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။

"သမီးကို လိုက်ပို့ပေးတာ မေမေ.."

သူမက ခုနက ကိစ္စကို ပြောပြလိုက်တော့ မေမေက ရင်ဘက်ကို ဖိရင်း...

တိတ်တခိုး ချစ်ရသော....❤️ Donde viven las historias. Descúbrelo ahora