"မောင်ထွန်း"
"ဗျာ အစ်ကိုလေး"
"ရေခဲယူခဲ့"
"ဟုတ်ကဲ့"
အခုထိ ပူထူနေသေးတဲ့ ပါးကိုကိုင်ရင်း သူမ ဆိုဖာပေါ်ထိုင်ချလိုက်သည်။ သူက မောင်ထွန်းယူလာပေးသော ရေခဲကို တဘက်တစ်ထည်ထဲထည့်ပြီး သူမပါးပေါ်အသာကပ်ပေးနေသည်။
"ကိုကို"
"ဟင်...နာလို့လား ချာတိတ်"
"သူ သိနေတယ် ကိုကို"
"ဘယ်သူလဲ ဘာသိတာလဲ"
သူမစကားကို သူ နားမလည်စွာ ပြန်မေးသည်။
"နွေဦးနဲ့ ကိုကို တစ်ကယ်လက်ထပ်ထားတာ မဟုတ်ဘူးဆိုတာ မမုန်းပန်းဝေ သိနေတယ်"
"မင်းနဲ့ ကိုယ်က ဘာလို့ တစ်ကယ်လက်ထပ်ထားတာ မဟုတ်ရမှာလဲ"
"ဒါ...ဒါပေမဲ့ နွေဦးက တစ်ချိန်ကျရင် ကိုကို့နားက ထွက်သွား......"
"တော်ပြီကွာ အဲ့ဒီစကား ထပ်မပြောနဲ့"
သူ့နားက ထွက်သွားရမဲ့အကြောင်းတွေးမိတိုင်း ရင်ထဲမှာ နာကျင်လာသည်။ လည်ချောင်းမှာ တစ်ဆို့ဆို့နှင့် ငိုချင်လာ၏။
"နွေဦး အပေါ်တက်တော့မယ် ကိုကို"
သူ့ကို မျက်နှာလွှဲကာ ပြောပြီး အပေါ်ထပ်ကို လေးပင်စွာ တက်သွားသည်။ သူ့စိတ်ထဲ ဒေါသတို့ကို ဘယ်ကို ပုံချရမှန်းမသိ..။ မျက်လုံးထဲ မုန်းရဲ့ အားပြင်းပြင်း ရိုက်ချက်ကို ပြန်မြင်ယောင်လာသည်။ သူ့မျက်စိရှေ့မှာပဲ ဖြစ်သွားတာကြောင့် ဘာမှမလုပ်ပေးလိုက်နိုင်တာကို ပိုဒေါသထွက်မိသည်။
"မောင်ထွန်း"
"ဗျာ အစ်ကိုလေး"
"ဦးမောင် ဘယ်သွားလဲ"
"နစ်ကီနဲ့ လမ်းလျှောက်ထွက်သွားတယ် အစ်ကိုလေး၊ ဘာလိုအပ်တာ ရှိလို့လဲ"
"ရတယ် ထားလိုက်တော့"
ဒေါသထွက်နေမှန်း သိသာနေတဲ့ မျက်နှာထားကြောင့် မောင်ထွန်း ဘာမှဆက်မမေးတော့ပဲ မီးဖိုခန်းဘက်ကို ထွက်လာခဲ့သည်။ မမလေးနဲ့ အပြင်သွားရင်း ဘာတွေဖြစ်လာကြတာလဲဆိုတာ မောင်ထွန်း စဉ်းစားနေမိ၏။ ဦးမောင်လာမှပဲ တိုးတိုးတိတ်တိတ် မေးဦးမည်ဟု တွေးရင်း လုပ်စရာရှိတာ လုပ်နေလိုက်တော့သည်။
VOUS LISEZ
တိတ်တခိုး ချစ်ရသော....❤️
Roman d'amourတစ်နိုင်ငံလုံးမှာသာမက ပြည်ပအထိ ထူးချွန်အောင်မြင်တဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၊ အလုပ်ကလွဲပြီး ကျန်တာ စိတ်မဝင်စား၊ အမြဲအေးတိအေးစက်နေတတ်တဲ့ ရှိန်း....❤️ ဂျာနယ်ထဲကတစ်ဆင့် အမှတ်မထင်တွေ့ပြီး ရှိန်းကို စိတ်ဝင်စားသွားတဲ့ သာမန်တက္ကသိုလ်ကျောင်းသူလေး...