Part 2🍂Unicode

4.4K 333 5
                                    

အခုထိ ပန်းချီကားက
မျက်လုံးထဲက မထွက်ဘူး ဟူးးး
သေသေချာချာလေး ထပ်ကြည့်ချင်သေးတာ

ဖေကြီးလာမှ မေးဦးမယ်
အိမ်ကြီးအကြောင်းများ သိနေမလဲ မသိဘူး

~~~~~~
"ဖေကြီး
အရှေ့ဘက်က အိမ်ကြီးဆီကိုလေ လူတွေရောက်လာတယ် သိလား"

"ဟ ငါ့သား လူတွေနေတဲ့အိမ်လေ လူလာမှာပေါ့"

" ဟာ....စကားကို
အထအနကောက်လွန်းတယ် ဖေကြီးက
သားပြောတာက သားတို့ရောက်ကတည်းက အဲ့အိမ်ကြီးက အလွတ်ကြီးလေဗျာ အခုမှ လူတွေလာတော့ အံ့သြလို့ပါ"

"ဟဲ့ ထမင်းစားရင် စကားမများပါနဲ့ဆိုတာကို
စကားထထပြောတယ် မင်းအဖေ ထမင်းအေးဆေးစားပါစေ"

"ဘာ စကားကြီးလဲ ဒါက...
သားပျိုလေးရှေ့မှာ
ဝင်္ကဝုတ္ထိအလင်္ကာတွေ သုံးပြီး မေကြီးက လာroပြနေတယ်"

"အဲတာ အမေကို ပြောရမယ့်စကားလား
ဘာ roတယ် ဟုတ်လား"

" မေကြီး သိရက်နဲ့ မမေးနဲ့ roတာက ဘာလဲ မေကြီးသိတယ်"

"တော်ပြီ ငါလက်မြှောက်တယ် ထမင်းဘဲအေးဆေးစားပါ Jiminရယ်"

" ဟွန့် "

ထမင်းလက်စုံစားပြီးနောက်
ဧည့်ခန်းထဲ
ခဏလေး ထိုင်လေ့ရှိသည့် ဖေကြီး

"ဖေကြီး
အဲ့အိမ်ကြီးကို အိမ်ငှားတွေရောက်လာနေမယ်
ဘာလို့များ ဒီအိမ်ကြီးကို ငှားပါလိမ့် အိုဟောင်းနေပေါ့ကို"

"မင်းက ပြောပြန်ပြီ ဒီစကားဘဲ ဒီအိမ်အကြောင်းဘဲ"

"ဟို သားလည်း အကြည့်ရောက်သွားတော့ စိတ်ကဖျောက်မရလို့ပါ
သိလား ဖေကြီး
သယ်သွားတဲ့ ပရိဘောဂတွေကတော့ ရှယ်ဘဲ မိုက်တယ် လူချမ်းသားတွေထင်ပါတယ် ဒါနဲ့များ ဘာလို့ ဒီလိုအိမ်ကြီးမှ??"

"မင်းကွာ စကားရှည်လိုက်တာ"

"အဲ့အိမ်က အိမ်ငှားမထားပါဘူးကွာ
ပိုင်ရှင်တွေ ပြန်ရောက်တာနေမယ်
သားစဉ်မြေးဆက် လူချမ်းသာမျိုးတွေလေ ငှားမယ်မထင် အဖေ ရောက်စဉ်ကတည်းက လူမငှားဘူး ဒီတိုင်းကြီးဗျာ
သူေဋ္ဌးကြီးAliceရဲ့ စံအိမ်လေ Jeon Alice"

"လူမျိုးခြားလား ဖေကြီး"

"မင်းတော်တော်သိချင်နေ သွားမေးကွာ ငါစာရင်းတွေ ပါလာသေးတယ်"

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now