Part 12🍂Unicode

2.6K 244 0
                                    

ဦးဂျွန်တစ်ယောက်
ကျွန်တော်စကားကို နားမထောင်ခဲ့ဘူး
အဆုံးထိ နားထောင်မသွားဘူး...
ဘယ်သောအခါမှ နားမထောင်ခဲ့သော်လည်း
သူထွက်သွားမည့် အချိန်ကျလာတော့ အဖြူလွင်လွင်လေးကို ဝတ်ဆင်ထားသတဲ့

ဒီလို ဝတ်ပေးရင် ကျွန်တော်သဘောကျတယ်ဆို၍လား?
ကျွန်တော်မသိတာလေ မသိခဲ့တာ....
အနက်ကနေ အဖြူပြောင်းလဲပေးလည်း
ဦးဂျွန်ဟာ ကျွန်တော်အနားက ထွက်သွားမှာဘဲ....

နောက်ဆုံးဆိုရင်လေ
ထိတွေ့ခွင့်ရော ကျွန်တော်ကို ပေးခဲ့ပါ့လား
နောက်ဆုံးနှုတ်ဆက်စကားဆိုတာ ကြိုသိခဲ့ရင်လေ
ကျွန်တော် တစ်ခါလောက်တော့
ကြိုးစားဖက်တွယ်ပြီး ဆွဲထားမိဦးမှာဗျ

နောက်ဆုံးအထိ
တခါမှပြုံးမပြခဲ့ဖူးသော အပြုံးတို့ဖြင့်....
ကျွန်တော်အပြစ်တွေ ပါနေတာတောင်
ချိုချိုသာသာ အပြစ်ကလေးတင်၍ အနစ်နာခံမှုဆိုတာကို သူဘဲယူဆောင်သွားပါ့မယ်တဲ့
ကျွန်တော် အမှားတွေ
လုပ်မှန်းမသိ လုပ်ခဲ့တာပေါ့
အခုချိန်ထိ
သူ့အလိုကျနေခဲ့သည်ဟုထင်သော်လည်း
ကျွန်တော်၏အပြစ်တွေကို သူချပြသွားခဲ့သေး၏
သို့သော် အပြစ်တင် ပြောဆိုချင်၍မဟုတ်
သူ၏လိုအင်လေးတွေကိုသာ ချပြသွား၏
"ချာတိတ် သေချာဖန်တ်ီးခဲ့သင့်တယ်" တဲ့လေ
ဦးဂျွန်ရဲ့အလိုမကျမှုလေး

ယခုတော့ အလိုမကျမှုရော လိုအင်လေးတွေပါ
မရှိတော့ပါ
တိတ်ဆိတ်သွားသည်...
အေးစက်သွားသည်...
ပျောက်ကွယ်သွားသည်...

အချစ်နဲ့အတ္တက တကယ်ကို
တွယ်ကပ် ဆက်စပ်နေတော့တာဘဲ
ရှင်းလေ ရှုပ်လေဖြင့်
ချော့ယူပြောဆိုခဲ့သော်လည်း
အနားကသာထွက်သွားသည်
ကျွန်တော်လိုချင်တာ ကျွန်တော်ရဲ့သဘောထားလေးကို
လက်ခံစေချင်ရုံပါ
ကျွန်တော်ရဲ့မသိတတ်မှုလေးကို နားလည်စေချင်ရုံပါ
ထွက်သွားဖို့ထိ မလိုအပ်ခဲ့.....

🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂

"သားလေး...သတိရပြီလား?
မေကြီးကို သေချာမြင်ရဲ့လား? မှတ်မိရဲ့လား?
ဒီမယ် ဖေကြီးလေ မှတ်မိလား?"

"မိန်းမရာ ဖြည်းဖြည်းပေါ့ဟ
သားပြန်ပြီး ခေါင်းမူးသွားမယ်"

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now