ဘယ်ချိန်ကစ၍ ငြှိတွယ်နေခဲ့သလဲ?
ဟုတ်ကဲ့.......
ကျွန်တော် စဉ်းစားမရသေးပါ
ဒီအချုပ်အနှောင်ကို
ကျွန်တော်များ ဖန်တီးမိထားသလား?'ကျွန်တော်လိုချင်တာ သိချင်တာ' ဆိုသည်တို့က အချစ်ရဲ့နူးညံ့မှု ဆန်းကြယ်မှု သက်ရောက်မှု မှန်သမျှလေးတွေကိုပေါ့
ဒီလို အချစ်မျိုးမဟုတ်ခဲ့ဘူး
င်္ဒိလိုအချစ်ကြီးက ချုပ်ချယ်လွန်းတယ် ဦးဂျွန်
ချစ်မိလာရင် အတ္တ နွယ်လာတတ်သတဲ့
ဟင့်အင်း...
ဒီအတ္တတွေကိုလည်း
ကျွန်တော် သဘောမကျဘူး မလိုချင်ဘူးအချစ်ဆိုတာ ဘာမှန်းမသိခဲ့တာများလား?
ကျွန်တော် မခံစားတတ်သေးတာများလား?
ကျွန်တော်အတွက်
အရမ်းအချစ်မခံရရင်နေပါစေ
အချစ်ရဲ့အသီးအပွင့်လေးတစ်ခုခုကို ခံစားမိစေရုံဖြင့် တော်ပါပြီဗျာ'ချစ်တယ်'တဲ့
ကျွန်တော်ကိုလေ.....
'မြတ်နိုးတယ်'တဲ့ 'သူ့အပိုင်'တဲ့လေ
အဲ့စကားတွေကိုက
ချုပ်ချယ်သလိုကြီး ခံစားရပါတယ်ဗျာခက်တာကJiminရေ
လူသားနီးပါးတိုင်းက
ချစ်မိလာရင် အတ္တနွယ်လာတော့အမှန်ဘဲ
အတ္တလေးတွေ တစ်ယောက်တစ်မျိုး မတူတာကလွဲလို့ပေါ့'ဟင့်အင်း သူက ကိုယ့်အပိုင်'
'သူ ဘာမှမလုပ်ရဘူး'
'ဘယ်သူမှမချစ်ရဘူး'
'ငါအနားရှိနေရရင် ပြီးရော'
'ငါလက်မလွှတ်နိုင်ဘူး ငါချစ်နေသေးတယ်'
'ငါကို ပြန်မချစ်လည်း ချစ်မယ်'ဒါတွေ ဒါတွေက
ကဗောက်တိ ကဗောက်ချာ နိုင်နေသလားမသိနိုင်တဲ့ ချစ်စိတ် အတ္တစိတ်ကြောင့် ဖြစ်တည်လာသည့် စိတ်အခြေအနေ
လူသားဘဲ ရူးပိုင်ခွင့်ရှိနေပါသေး၏
လမ်းစဉ် မလွဲဖို့သာ လိုသည်ချစ်တယ် ချစ်လွန်းလို့ လက်မလွှတ်နိုင်ဘဲ ချုပ်ချယ်ထားချင်တဲ့ တစ်ကိုယ်ကောင်းဆန်မိနေတဲ့ အတ္တလေး...
ချစ်တယ် ချစ်ရသူပျော်နေရင် ပြီးရော
ဘေးက ကြည့်နေရရင်ကို ကျေနပ်လှပါပြီဆိုတဲ့ ရိုးရှင်းလွန်းတဲ့အတ္တလေး...ဦးဂျွန်ကတော့ ကျွန်တော့်အပေါ်ကို
အတ္တတွေ နွယ်လွန်းနေတယ် ဦးဂျွန် နွယ်လွန်းနေတယ်....."Jimin ထမင်းစားရမယ်လေ
စာလည်း ကြည့်ရဦးမယ် လာတော့"လာပြီ အတ္တရှင်ကြီး
ဦးဂျွန်ကိုလည်း အပြစ်မတင်ချင်တော့ပါ.....
ကျွန်တော်ကသာ မသိ မနားလည်သူမို့
YOU ARE READING
~🍂 The Way We Met 🍂~(Complete)
Romanceစိတ်ကူးယဉ်ပါနော် စိတ်ကူးယဉ်ဆန်ဆန်ကို မဟုတ်တဲ့ စိတ်ကူးယဉ်ပါနော် ဘာလို့လဲဆိုတော့ Ficကိုသာ ဖတ်ကြည့်ပါနော် Fic coverက ပုံကိုinspireယူပြီး စိတ်ကူးယဉ်မှာမို့ အစကတည်းက ကြို သတိပေးပါရစေ ပုံလေးကို ဆွဲတဲ့Artistကို crdပေးပါတယ် အစက ပုံလေးကို နည်းနည်းeditမယ်ြ...