Part 22🍂Unicode

1.8K 200 9
                                    

ဘယ်လ်ိုတောင် စကားတတ်လာလိုက်သလဲ?
နှုတ်ခမ်းပါးကထွက်လာတဲ့ စကားတိုင်းက
ဒီလူအတွက် လိုက်ဖိုနေတော့တာ

'မူပိုင်ရှင်'
အဲ့စကားလုံးကို တအားသဘောကျတယ်
မူးလဲပြီး နောက်ပိုင်း
Jungkook မခေါ်တော့သလိုဘဲ...
စိတ်ကူးပေါက်မှ ထထရူးတတ်တဲ့ အေးဆိုး...
ပြန်မပြော နားမထောင် အေးဆိုး...

တစ်ချို့စကားတွေက
ထုတ်မပြလည်း သိနေတာမျိုး
ရှင်းမပြလည်း နားလည်နေတာမျိုး
ဥပမာ~
သူအနားနေချင်သေးတာ သိလို့  သူမမေးဘဲ ဆွဲထားခဲ့သလိုမျိုးပေါ့.....
သူအလိုက်မသိရင် ခက်ရချည်ရဲ့တဲ့
ဒါပေါ့ မင်းရဲ့မူပိုင်ရှင်ဘဲ 
လွယ်တဲ့ထဲတော့ မပါဘူးလေ....

Jungkookအိမ်က ပြန်ရောက်ကတည်းက
သူညတိုင်းပို့သမျှ သီချင်းလေးတွေ ဖွင့်ထားမိတယ်
ဒီကလေး ငယ်ငယ်နဲ့ တအား အချစ်သီချင်းနားထောင်တယ်
အခုတလော တအားတွေ
အချစ်ဓာတ် ခံစားနေရတယ်
အဆွေးသီချင်းလေးတွေ ပြန်နားထောင်ချင်သေးတာ
လူက ဆွေးမရတော့ဘူး....

ပန်းချီဆရာကြောင့်!

                   🍂🍂🍂🍂🍂

လူစုဖြစ်ကြတယ် Jungkookတို့
အိမ်ဘက်က မြက်ခင်းပြင်မှာ
ညစာစားပြီး အချိုတည်းစရာလေးတွေ ယူရင်း
Jungkookတို့ အိမ်ဘက်ရောက်နေတာ..
လူကြီးတွေ အားတဲ့အချိန်ကလည်း
ညဘက်ဘဲ ရှိတော့ ဒီချိန်စုရတော့တာပေါ့.

"Jiminလေးက အရင်နေတဲ့အိမ်လေးမှာဘဲ ပြန်နေမှာလား?" ဟု

Jungkookအဖေက စကားစလာခဲ့သည်
သို့သော် ကိုယ်မဖြေလိုက်ရ

"သားတို့ ကျောင်းတွင်းအဆောင်နေမယ်"

"သားကလည်း Jiminသဘောကိုလည်း မေးဦးလေ"

"ဟင့်အင်း မနေရဘူး
Ji....Hyung...မနေရဘူးနော် "

Jungkookပုံစံက တစ်ခုခုအားစိုးထိတ်နေသလိုရှိ၏
ဆောင်းရာသီ ရောက်စအချိန်ကြီးမှာ သူချွေးပြန်ချင်နေသလားဘဲ

"Jungkook...
ကျောင်းတွင်းအဆောင်နေရင် ပိုက်ဆံပိုကုန်နေမှာပေါ့! ဟင်!
အဆောင်ခလည်း ထုတ်ပေးနေရဦးမယ်"

"ကျွန်တော်ပေးမယ် အဆောင်ဘဲနေစို့"

"........"

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now