Part 26🍂Zawgyi

702 44 0
                                    

JM "စီနီယာက.... လျှောက်ပြောနေတယ် ကျွန်တော်တို့ အဲ့နေ့က စာထိုင်ဖတ်တာပါ ဖတ်နေပါသေးတယ်
စိတ်လည်းမဆိုး စိတ်လည်းမကောက်ပါဘူး"

Tae "ငါကလည်း သဝန်တိုတယ်လို့ ပြောတာပါ ကောင်လေးတို့..."

JM "အာ...."

Hobi "ကလေးတွေရှက်နေပြီ တော်! ဟားဟား"

ဒီလိုနဲ့ သောက်ရင်းစားရင်း စကားပြောရင်း
စီနီယာတွေနဲ့ ရင်းနှီးမှုရယူခဲ့သည်
ကျောင်းစတက်သည့်ရက်ကတည်းက
အကဲပိုသည့် Jeon Jungkookတစ်ယောက်
Majorမတူဘဲ ကျွန်တော်တို့အခန်းဆီ အားသည့်အချိန်တိုင်း ရောက်ရောက်လာတတ်သည်
စီနီယာ Taehyungနှင့် majorတူသည်မို့
သူလာတိုင်း စီနီယာပါ ခေါ်ခေါ်လာပုံ
ဒီလိုလာနေတာ အချိန်တစ်ခုရှိလေပြီ

"ပန်းချီဆရာ! အတန်းချိန်တွေ မတူဘဲ ဘာလို့ စီနီယာကို ခေါ်လာပြန်တာ?"

"လိုက်ချင်တယ်ဆိုလို့"

"အင်း ဟုတ်တယ်"

ဒီရောက်မှ တစ်ခုသိရသည်က
စီနီယာTaehyungနှင့်Jungkookက
အတွေးတော်တော်တူတတ်သည်...
၂ယောက်လုံးစိတ်ကလည်း ခန့်မှန်းလို့ရသည်မဟုတ်
ငြိမ်မယ်ထင်ရပေမယ့် တအားလှုပ်သည့် ၂ယောက်အခုတော့  သူငယ်ချင်းလိုဘဲ
အမြဲသွားလာနေသည်
Jungkookရဲ့ ဒီလိုပုံတွေ မြင်ရတာ
ကျွန်တော် တအားသဘောကျမိသည်
အခုဆို လူတိုင်းကို စိမ်းမနေဘူးလေ.....

"Jimin အတန်းကရှိသေးလား?"

"ရှိသေးတယ်လေ ပန်းချီဆရာရာ"

"ကိုယ်တို့ရော ဝင်တက်မယ်လေ ဒါဆို"

"ဟာ! ဘာလုပ်မှာ လူတအားရှုပ်တယ်"

"ငါကတော့ Hoseokနဲ့ ကန်တင်းက စောင့်မယ် ငါ့ကောင်တို့"

"OKI စီနီယာ"

"......"

Jungkookတစ်ယောက်ကိုတော့  ကျွန်တော်ရဲ့
သက်ဆိုင်သူ စေ့စပ်ထားမှန်းသာ မသိရင်နေမည်
ကျွန်တော်နှင့် ပတ်သက်နေမှန်း အတန်းထဲကလူများသိသည်.....
Jungkookလာတိုင်း  မျက်စိတစ်ဆုံး လိုက်ကြည့်တတ်သည်

အခုတော့ ကိုယ်တော်ချောက အတန်းထဲထိသို့......

"WOWW "
"အား....."
"ပေါ်တင်ကြီးပေါ့လေ" စသဖြင့်အော်သံအချို့

"ကျွန်တော် ဘယ်နားထိုင်ရပါ့"

"Jungkook~ka......မင်းဘယ်ထိုင်ချင်နေတာ"

"Jiminဘေး!"

"ဒါဆို ထိုင်လိုက်လေ မမေးနဲ့"

"....."

ကျွန်တော်ဘေးမှ ကျောင်းသားသည်လည်း အလိုက်သတိ ဖယ်ကာပေးသည်
ပြုံးစိစိဖြင့်!

"ကျေးဇူးပါဗျ"

"Welcome"

ဒီလိုနဲ့ အတန်းချိန်တစ်ချိန်တည်းကို ကန်တင်း၌ မစောင့်ဘဲ အတန်းလာတတ်သည်
စာတွေလည်း သူသိတာမဟုတ်
Majorမှ မတူ
Minorဆို နည်းနည်းပါးပါး တူနိုင်ကောင်းပါ့ရဲ့
သူက Majorချိန်မှ လာတက်မိသည်ကို
ဘေးကနေ ဘောပင်တစ်ချောင်းနှင့် ပုံဆွဲလျက်
ထိုအပြင် လက်တစ်ဖက်ကိုပင် ဆုပ်ကိုင်ထားသည်
စာရေးခုံအား အကာယူ၍ပေါ့
ဆရာစာရေးနေရင်လည်း
လက်ကို ဆွဲမယူကာ နမ်းသေးသည်
စာရေးသလိုလိုနှင့် အနားထိလာ၍လည်း
ပါးကို  နမ်းတတ်သေးသည်
အတန်းသားတွေရော မြင်ရင် ဒုက္ခ!

'သူများMajorထိ လာပြီး လူပါးဝတာလို့ ' ပြောရင်
ပြန်ပြောမှာကို သိနေတယ်

'ကိုယ့်မူပိုင်Majorမလို့ လူပါးဝတာပါ ' ဆိုပြီးပေါ့

"တော်လိုက်တော့!"

"ကိုယ် ဘာလုပ်လို့လဲ မူပိုင်ရာ ကဲလာ! ကန်တင်းသွားစို့"
ဟုဆိုရင်း ကျွန်တော်၏လက်အား အပီအပြင်ဆုပ်ကိုင်ကာ အတန်းထဲမှ ကန်တင်းဆီသို့
ဒီလိုကောင်လေးအတွဲလေးမို့ သူများတွေငေးသည်မဟုတ် ပန်းချီဆရာဆိုသည်ကား
သူများMajorထိလည်းလာတယ်
လူမျိုးခြားလေးကလည်း ဖြစ်နေတယ်
Koreaတွေသည်လည်း
နည်းသည်မို့ ပို၍ထင်ပေါ်နေခြင်း....

"ကိုယ်တို့က စေ့စပ်ထားတာလေ
ဘယ်သူကို ဂရုစိုက်ရမှာလဲ မူပိုင်"

"ဟင်???"

"Jiminလက်တွေ ဒီကနေ့မှ ပိုအေးနေလို့
စိတ်လှုပ်ရှားနေသလားလို့ပါ"

"အင်း..."

"ကိုယ် စိတ်ပူအောင်!!!"

"ပိုရန်ကော ပန်းချီဆရာ!ကျွန်ုပ် အဆင်ပြေကြောင်းပါ"

"ဟုတ်ပြီဗျာ...သွားစို့ စောင့်နေတော့မယ်"

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now