Part 5🍂 Unicode

3.3K 303 5
                                    

ထုံးစံအတိုင်း အတွေးနယ်ချဲ့နေသော ကျွန်တော်နှင့် အိမ်ဟောင်းကြီး....
တစ်ရက်က နှစ်ရက်
နှစ်ရက်က သုံးရက် ရက်တွေသာဆက်လာသည် ကျောင်းသွားတက်ဖို့ရာလည်းနီးလာလေပြီ
သို့သော် သူအခုထိ မြင်ချင်ပါသေးသည့်ဆိုသော
ပန်းချီကားမပြောနဲ့ အိမ်ထဲပင် မဝင်ရဲပေ
လာလည်ပါဟုခေါ်သော်လည်း သူနဲ့က မတိုက်ဆိုင်
တစ်ခါလောက်တော့ မြင်ချင် ကြည့်ချင်ပါသေးသည်

"ဘဝကြီးက ရူးချင်စရာ အားးးးးးးးးး"

"ငါသွားလိုက်ရမလား? လာဖို့ခေါ်ထားတာဘဲ"

Jiminတစ်ယောက်တည်း ရေရွတ်ရင်း
အိမ်အောက်ထပ်ဆင်းလာခဲ့သည်
မေကြီးကတော့ ထုံးစံအတိုင်း
မီးဖိုချောင်... ချောင်...

"ဟင်မေကြိီး မေကြီးရေ........."

မေကြီးကို မတွေ့တာမို့ မီးဖိုချောင်ထဲကျော်၍ အိမ်ရှေ့ထွက်လာခဲ့သည် လက်စသတ်တောာ သူ့မွေးစားသားလေးတွေဆီ ဟားဟား တစ်မျိုး
မထင်နဲ့ အပင်တွေပြောတာပါ

"မေကြီး  ဘာလုပ်နေလဲ"

"အပင်ရေလောင်းပေါင်းသင်နေတယ်လေကွယ်"

"ကျွန်တော်ပျင်းတယ်လေ သားပျင်းတယ်လို့"

"ဟဲ့ မပူဆာစဖူးဟယ် မင်း ပျင်းတိုင်း လုပ်ချင်ရာ လျှောက်လုပ်နေပြီးတော့"

"ဟင့် မေကြီးတို့က အလိုကို မလိုက်တတ်ဘူး သားလေးဒီတစ်ယောက်ကို"

"ဟယ်... Jiminရယ်... ငါ့သား...
မင်းဟာလေ ရစ်စရာမရှိ ကြံဖန်ရစ် ကောက်စရာမရှိ ကြံဖန်ကောက်တယ်နော် "

"တီတီတို့ ဘက်သွားမယ်ဗျာ အိမ်လည်ခေါ်ထားတယ်
မယ်တော်က အလိုမလိုက်တော့လည်း........"

"ဟဲ့ ဘာကိစ္စသူများကို အလုပ်ရှုပ်အောင် လုပ်နေတာလဲ မင်း စာကြည့်တိုက်သွားလေ အတွေးလေးဘာလေး နယ်ချဲ့ချည် အီဂျစ်တို့ အာဂျင်တီးနားတွေထိပါ သွား ကြားလား??"

"အမေတို့ စိတ်တိုင်းကျ ထားရာနေ စေရာသွားနေတဲ့သူကို ဒီလိုတွေ လာပြောရင် သားကျောင်းမတက်တော့ဘူး ........"

"အမလေး သူကပြောတယ်ရှိသေး သူခိုးက လူပြန်ဟစ်"

".........."

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now