Part 17🍂Unicode

2.1K 214 4
                                    

"မြန်မြန် ပြန်ကောင်းလာစေချင်ပြီ မူပိုင်ရှင်......"

"........"

"ပြောစရာ စကားတွေ တအားများနေပြီ"

"ဟို ကိုယ် သက်သာနေပါပြီ သက်သာတယ်"

"......."

"ဒီအခန်းကိုလေ အိမ်ကြီးထက်ကပိုပြီး စိတ်ဝင်စားခဲ့တာ သစ်ပင်ကလည်း နွယ်တက်နေတော့လေ မသိရင် Horrorကားထဲက အိမ်ကြီးတွေလိုလို ဟီးဟီး..."

စကားပြန်မရ၍ စကားလမ်းကြောင်းလွှဲလိုက်သည်

"အင်း..တမင်ကျွန်တော်ယူလိုက်တာ အေးအေးဆေးဆေး ဆွဲလို့ရတယ်လေ သီးသန့်ခွဲထွက်ထားတဲ့အဆောင်ဆိုတော့.."

"သြော်..."

"......."

"တောင်းပန်ပါတယ်"

"ဘာကို"

"အကုန်လုံးအတွက်"

"မရေမရာတွေ ကျွန်တော်မကြိုက်ဘူး"

"ဂျပန်ကိစ္စက အစ အခုဖြစ်ခဲ့တဲ့ကိစ္စအဆုံး Jungkookကို အားနာသလို တောင်းပန်တယ် ကျေးဇူးလည်းတင်တယ်..."

"ကျေးဇူးဆပ်ဖို့ မလိုတဲ့ အတွက် ရှင်းရှင်းပျောက်အောင် ကြိုးစားပါ ပြောစရာ စကားတွေ တအားများနေပြီ..."

ယခုထိတိုင် မျက်ဝန်းဝိုင်းတွေက 
Jiminဆီမှ သွေဖယ်သွားခြင်းမရှိ
အနေအေးတဲ့သူတိုင်း အဲလို ရဲတင်းကြလား?

"အခုပြောလေ နားထောင်ပါ့မယ်"

"မရလို့...."

"........" "........"

"Jungkook"

"Humm.."

"Tattooတွေ အကုန်ပြလို့ ရမလား? အမြဲတမ်း လက်ရှည် ဝတ်ထားတော့ မမြင်ဖူးလို့လေ...."

"ဒီနားလာ.... ကြည့်..."

လာကြည့်ဟုဆိုကာ လက်ရှည်အနားစကို ခေါက်တင်ပေးသည်
ပေါ်ထွက်လာသော Tattooဆိုသည်က သေးသေးမွှားမွှားပင်မဟုတ်တော့
လက်တစ်ဖက်လုံး လက်တစ်ပြင်လုံး အပြည့်
အသားက ကျွန်တော်ထက်ဖြူသာမို့
Tattooတို့က ပိုထင်ပေါ်လျက်
လက်ဖျံပေါ်ရှိ သွေးကြောစိမ်းစိမ်းတို့ကပါ
ငေးမောစရာကောင်းနေသည်

မဝံ့မရဲ ထိတွေ့မိသည်
တစ်ခုချင်းစီတိုင်းကို မနာလိုသည် ဝန်တိုသည်
သို့သော် မြတ်နိုးရမည်....
.
.
.
အချိန်သည်လည်း ရွေ့လျားလို့
တစ်နေ့ထက်တစ်နေ့
သက်သာလာပြီဖြစ်သော မူပိုင်ရှင်
အဖြူရောင်ချစ်သော မူပိုင်ရှင်က Jungkookတစ်ယောက် တခါတခါ အနက်ရောင်ဝတ်မိလျှင် ' ဦးဂျွန် 'ဟုစနောက် ခေါ်ဝေါ်မိတတ်သေးသည်...
ဤသို့ခေါ်တိုင်းလည်း
ပန်းချီကားပိုင်ရှင်လေးက
ဖန်အိမ်ငယ်မျက်ဝန်းဝိ်ုင်းများနှင့် ပြူးပြူးပြဲပြဲ ပြန်ကြည့်တတ်သည်...

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now