Part 25🍂Unicode

1.9K 189 5
                                    

တကယ်တော့TAE TAEက အမှန်မပြောဘဲ စလိုက်တာ😁"နိုးပြီလား? ထတော့မလား မူပိုင်?"

"အင်း......ဘယ်နှစ်နာရှီိပြီလဲ?"

"၇နာရီကျော်ပြီ"

"ဟင် စောသေးတယ်!"

"......."

"ဘာလုပ်တာ?????"

"ပြန်မှေးတာလေ မထသေးဘူးမလား?"

စကားကို ဝေ့လည်ကြောင်ပတ်နဲ့ဖြေတယ်
ကြည့်!
မထသေးတာသိတယ်လေ...
ကျွန်တော်ကို ဆွဲလှည့်ကာ ရင်ခွင်ထဲ သူ့ခန္ဓာကိုယ်နဲ့မှမလိုက် တိုးဝင်လာတာကို

"ကလေးကလား"

"ဟာ့...အဟွန်း....Jimin~ssi!
မူပိုင်ရေ....စကားကို
အခြေအနေနဲ့ အချိန်အခါလိုက်ပြီး ပြောပါဗျ"

"ဟင်?"

"အခုအနေအထားက ကလေးမဟုတ်ကြောင်းသက်သေပြဖို့ တအားလွယ်ကူတာနော် မူပိုင်ရှင်....."

ရင်ခွင်ထဲမှနေ၍ ထိုစကားကို ဆိုကာ
ဖယ်တွယ်ထားသော လက်များက အဖြူလွင်လွင် အင်္ကျီလေးထဲဆီသို့ ရွေ့လျားလျက်
ခပ်နွေးနွေးလက်ဖဝါးက အငြိမ်မနေဘူး.....

"J..Ju..Jungkook~ka"

"Wae...."

"လက်....လက်ကို ဖယ်လိုက်တော့ ဖယ်လိုက်..."

"မဖယ်ချင်ပါဘူး..."

"Jungkook~ka..."

"ကျွန်တော်ကို မယုံလိုက်တာဗျာ
Jiminမကြိုက်တာကို၊ကြောက်တာကို
ကျွန်တော် ဇွတ်တိုးလုပ်ပါ့မလား?"

"......"

"ထစို့....."

"အင်းအင်း အင်းအင်း"

ဟားဟား×4

ဒီလိုနဲ့ အခ်ျိန်ဖြုန်းလာရင်း ကျောင်းသွားရမည့်ရက်ရောက်လာခဲ့သည်။
ဇွတ်အဆောင်နေမည် ဆိုသူသည်
အခုတော့ ဆူပုတ်နေသည်။
အကြောင်းမှာ
၂ယောက်တည်းအခန်း မဟုတ်ဘဲ ၄ယောက်အခန်းဖြစ်နေလို့ပင်
Japanမှ မသွားရသေး ထိုအခန်းဟု သိကတည်းကတစ်မနက်လုံး ဆူပုတ်နေခြင်း
၂ထပ်အိပ်ယာလေး၂ခုကို အခန်းရဲ့ ဘေးတစ်ဖက်
တစ်ချက်ဆီတွင်ထားကာ နေရမည့် ၄ယောက်အိပ် အခန်းတစ်ခန်း...
ဒါကို သူအလိုမကျနေခြင်း..........။

မိသားစုတွေအကုန် လေဆိပ်လိုက်ပို့ကြသည်
Japanထိတော့ ဖေကြီးနှင့် ဦးလေးသာ ပါလာသည်
ငိုတော့ မငိုမိဘူး....ကျွန်တော် !
လေယာဉ်ပေါ်ရောက်သည်အထိ ပန်းချီဆရာက
နှုတ်ခမ်းဆူထားတာ မလျော့
မိဘတွေကိုလည်း  ဂျစ်မတိုက်တတ်
သူကိုယ်တိုင် လုပ်ပြီးသူကိုယ်တိုင်
ရွေးချယ်ထားသည့်  ဆုံးဖြတ်ချက်မို့ စိတ်တိုရလည်းခက်..
ဘေးက ကျွန်တော်ကတော့ သူကို ကြည့်ပြီး ရယ်နေမိသည်။

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now