ရင်ခွင်တွင်းက အလုံးစုံ နွေးထွေးနေဆဲ
နှလုံးခုန်နှုန်းများကလည်း သူသိစေအောင်
ပိုခုန်နေတာ သေချာပေါက်...
ထိန်းချုပ်ရခက်လိုက်ပုံများ
ဟောဒီလူရဲ့ နှလုံးသားမှ ဟုတ်ရဲ့လား?ရှက်စိတ်ရော လန့်စိတ်ကြောင့်ပါ
ရင်ခွင်တွင်းက မထွက်မိသေး
ဟင့်အင်း.....
မထွက်ချင်သေးတာ
ဘယ်လောက်ရူးခဲ့သလဲ သူမသိလို့ ဒီလိုလုပ်တာ
ဖက်ခံရတဲ့သူက ရင်ထဲတလှပ်လှပ်
ကိုယ်ကမှ မရိုးသားတာကို
ဘယ်ဂနာငြိမ်ပါ့မလဲ?နွေးထွေးမှုတစ်စုံကရော ဘယ်လိုရည်ရွက်ချက်လေးနဲ့ပေးခဲ့သလဲ?
"Jungkook"
"ဗျာ"
"လွှတ်...ပေး...ဦး...."
"ဖွဖွလေးကို ဖက်ထားတာ မနာပါဘူး"
"ဟို...အဟမ်း..."
"၁မိနစ်လောက် အချိန်ထပ်ပေးပါဦး"
ဟုဆိုကာ
ပိုတိုးဖက်လာသည့် လက်ဖဝါးနွေးနွေး
မိမိကျောပြင်ပေါ်တွင် အပီအပြင်နေရာယူလျက်"ရပြီ ကျွန်တော်လွှတ်ပေးပြီ..."
"....."
"ရဲနေလို့ ရင်ခွင်ထဲ ဖွက်ထားတာကို
အခုထိ ရဲနေတုန်းပါ့လား?""ဟင်....ဟင့်အင်း..
မရဲတော့ဘူး ဘာမှမဖြစ်ဘူး""......"
စကားထပ်ဆိုမလာသော်လည်း လက်၂ဖက်အား ဖွဖွဆုပ်ကိုင်လာပုံက ညင်ညင်သာသာ
ပြုံးသည်ဆိုရုံ ပြုံးနေသော်လည်း စိတ်လိုလက်ရရှိချိန် ယုန်သွားလေးပါပေါ်လာသည်
ဖန်အိမ်ငယ်များက ဆုပ်ကိုင်ထားသော လက်ဖဝါးတို့တွင် အကြည့်ရှိ၏......"Jiminကပါ ဒီလိုရှက်နေတော့ ကျွန်တော် ဘယ်လိုနေရတော့မလဲ? ဟင် "
စကားပြောပုံက သူသည်လည်း ရှက်နေပုံရ၍
ချော့မော့ပြီး ပြောနေသလို
ထိုစကားတစ်ခွန်းဆိုပြီး
အကြည့်ချင်း ဆုံလာသည်.....
ကိုယ်ဘက်ကတောင် အကြည့် မလွှဲမိပြန်ဘူး
မျက်ဝန်းတွေဆီမှ အပြုံးရိပ်တို့က သူတအားပျော်နေ၍လား?**ကိုယ်လည်း ရင်ခုန်ပေမယ့် စိတ်လှုပ်ရှားပေမယ့်
ဖက်ထားတဲ့သူက ဟိုဟာ နမ်းပါနမ်းထားတဲ့သူက ရှက်နေတော့ အကြီးပီပီ ရင့်ကျက်ပြရမယ်
ဘယ်လိုဘဲဆိုပေဦးတော့
Jungkook ဘာလို့နမ်းတာလဲ
ထုတ်လည်းမမေးရဲဘူး
မသိဘူးဗျာ ရှက်တာက ရှက်တာဘဲ
ဘယ်လိုတည်ငြိမ်ပြရမှာလဲ **
YOU ARE READING
~🍂 The Way We Met 🍂~(Complete)
Romanceစိတ်ကူးယဉ်ပါနော် စိတ်ကူးယဉ်ဆန်ဆန်ကို မဟုတ်တဲ့ စိတ်ကူးယဉ်ပါနော် ဘာလို့လဲဆိုတော့ Ficကိုသာ ဖတ်ကြည့်ပါနော် Fic coverက ပုံကိုinspireယူပြီး စိတ်ကူးယဉ်မှာမို့ အစကတည်းက ကြို သတိပေးပါရစေ ပုံလေးကို ဆွဲတဲ့Artistကို crdပေးပါတယ် အစက ပုံလေးကို နည်းနည်းeditမယ်ြ...