Part 15🍂Unicode

2.2K 233 8
                                    

"Jimin.... ကြားရလား
ကျွန်တော်ခေါ်နေတယ်လေ
Jimin..... Jimin~ssi.... "

တံခါးအား တဒုန်းဒုန်း ထုလျက် အော်မိသည်
စကားပြန်မရသော အခန်းတံခါးကို အဆက်မပျက် ထုလျက်

"Jungkookလေး  ဒီ...ဒီမယ် သော့ သော့"

"ပေးပါ"

သော့ဖွင့်၍ ဝင်သွားသောအခါ
တိတ်ဆိတ်နေဆဲ အခန်းဖြူဖြူ....

"Jimin....လန့်အောင်လုပ်စရာမလိုဘူးနော်
ကျွန်တော် မကြိုက်ဘူး...Jimin"

နာမည် ခေါ်လျက် အပြစ်တင်ရင်း အခန်းထဲတွင် ရှာဖွေနေမိသည်
ရေချိုးခန်းမှာ များလား??
စိတ်အစဉ်က လျင်မြန်နေသော်လည်း
ခြေလှမ်းတို့ တွန့်ဆုတ်လျက်
မဟုတ်ဘူးမလား??ဘာမှမဖြစ်ဘူး...

"Ji......Jimin..."

"သား.....သားလေး..."

ကြွေရေဇလုံထဲတွင် မေ့မြောနေသော လူသားငယ်
ကျွန်တော်ကို စမ်းသပ်နေလေသလား?
အဘယ်ကြောင့် ဒီလိုမေ့မြောပြန်ရတာ
Japan၌ ကြုံခဲ့ရသော ကြမ်းပြင်ပေါ်က အေးစက်စက် ဒီလူသား
အခုအခါတွင်လည်း ကျွန်တော်တွေ့လို့ပါ့လား
ကံသီပေပြန်လို့ပါ့လား မူပိုင်ရှင်ရာ.......

အေးစက်စက်နေနိုင်သလောက်
အေးစက်စက်အရာတွေကို
ဘယ်သောအခါမှ မထိတွေ့ချင်တော့ပါ
ရာသီဥတုအလား အေးစက်စမ်းပါစေ
နွေးထွေးမှုပေးမည့် မီးလင်းဖိုသာ ရှိရင်နေနိုင်မည်
အထိအတွေ့သော်လည်းကောင်း..
အချစ်ဆိုသော်လည်းကောင်း..
အေးစက်နေလျှင် ပြန်လည်နွေးထွေးဖို့ရာအတွက် ရှာကျန်ဖို့အင်အား ရှိမနေသော ကျွန်တော်ပါ

ပွေ့ချီခေါ်လာမိသော လူသားလေးက
သေးမွှားလွန်းတယ် နူးညံ့လွန်းတယ် အထိခိုက်မခံနိုင်အောင် နုနယ်လွန်းတယ်
ကျွန်တော် လက်ထဲအပ်ပေးနိုင်မလား ဆိုသည့်စကားကိုပြန်ကြားယောင်ရင်း
ယခုတော့ ကျွန်တော် သေချာမစောင့်ရှောက်နိုင်ပါ့လား ဆိုသည့်
တာဝန်မဲ့မှုစိတ်လေးက ဖြစ်တည်လာ၏...

"အန်တီ...အကီ်ျ်င်္တွေလဲပေးထားလိုက်ပါ...
တအားအေးစက်နေတာ
ကျွန်တော်... ကျွန်တော်...Namjoon Hyungဆီ လှမ်းဆက်ခေါ်ပါဦးမယ်"

"အေးကွယ်.... ဖေကြီးကလည်း...
အလုပ်ကိစ္စအတွက် ဘူဆန်ပြန်တယ်ကွယ် သားလေးကူညိ်ီပါဦး...."

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now