Part 7🍂Unicode

3K 269 2
                                    

ဆူရှီ.... ဆူရှီ ..... ဒီနားမှာ ဆူရှီဆိုင် ရှိလောက်လား?

ဒီလူကြီးက ဘာကြောင့် စကားပြောရတာ
အေးတိအေးစက်ကြီးလို့ တွေးမိနေပါလိမ့်
နောက်ပြီး နေပါဦး
စကားပြောရင် 'ကိုယ်' 'ကိုယ်'နဲ့
ကျွန်တော်နဲ့အသက်ကကွာလှ ၁နှစ် ၂နှစ်ပေါ့....
ရုပ်ကြည့်ရသလောက် သေချာပေါက် ကျွန်တော့်ထက်ကြီးမယ်ထင်ရတာဘဲ
အန်တိ်ီတောင် မေကြီးထက်ငယ်တာကို
သူလည်း ငယ်သင့်တာ ဟွန့်

အိမ်ရှင်မလို့ တကယ်ဝယ်ကျွေးချင်မိတာ
ဒါပေမယ့် သူလည်နေပြီ
လမ်းသွယ်တွေသည်လည်း
ဒီညမှ စိတ်ထဲ ပိုများနေသလို....
တစ်ခါမှ ညကို အပြင်ထွက်ဖူးသည်မဟုတ်
ထွက်လာချိန်က မှောင်ရီပျိုးနေပေမယ့်
ယခုက ပိတ်ပိတ်ပိန်း မှောင်ကျနေပြီ

"အဲ့ဒါတွေဘဲ ကိုိယ့်ကိုကိုယ်စိတ်တိုတာ
ဘာကိုကြောက်နေတာလဲ ဟမ်
တစ်ယောက်တည်းလည်း မင်းအဆင်ပြေတယ်လေ Park Jimin.... "

ဘယ်သူမှ မတွေ့တော့လည်း
အကူအညီရမယ့်သူ လိုချင်သေး
လူရှိနေပြန်ရင်လည်း မယုံရဲ
ဒီစိတ်ကလည်းPsychoဖောက်နေပြန်

တစ်ယောက်တည်း စိတ်ငြိမ်အောင်လုပ်ပြီး တွေ့ရာလမ်းသွယ်ကို ဝင်လာခဲ့သည်
ဝါးတစ်ပြန်တွင် ရပ်နေသော အရိပ်မည်းတစ်ခု
ရှေ့ဆက်ရမလား နောက်ဆုတ်ရမလား
လူလည်း ချွေးပင် သီးချင်လာပြီ
တွေးရင်း ခြေတစ်လှမ်းဆုတ်ရင်း....
သို့သော် အရိပ်မည်းသည်လည်း
ကျွန်တော်ဆီ တစ်လှမ်းချင်း တိုးလာသည်
ဆုတ်လေ တိုးလာလေ.....
လင်းမည့်နေရာ ပြေးမှဖြစ်မယ် ဟုတွေးရင် ဒုန်းစိုင်းပြေးမိလည်းဘဲ
ခြေသံက ထပ်ကြပ်မခွာ ပါလာသည်.....

"အင့်........."

"Hey...ဘာလို့ပြေးနေတာ??"

ဘေးဘီ ဂရုမစိုက်မိဘဲ ပြေးချိန်
လက်ကောက်ဝတ် အားလှမ်းဆွဲလိုက်သော လက်ဖဝါးအေးစက်စက်တစ်ခု နှင့်အတူ
ထိုသူဘက် ယိုင်ကျသွားသော မိမိခန္ဓာ....
အလန့်တကြားမော့ကြည့်မိမှ

***Jungkookဖြစ်နေတာဘဲ***

"ဟို....လမ်းမှားရင်း....အမှောင်ထဲ ရောက်သွားလို့
နောက်ပြီး လူတစ်ယောက်ရော လိုက်လာတယ်ထင်လို့ "

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now