Part 10🍂Unicode

2.8K 276 4
                                    

ဒီကနေ့ နံနက်ခင်းအစ
ကျွန်တော်တစ်ယောက် မျက်ကွင်းတွေ ညိုနေသလား?
ညကတော်တော်နဲ့ အိပ်မရခဲ့ပေဘဲ
ကျောင်းသွားရပြီမို့
ကျွန်တော်ပြင်ဆင်ရင်း အခန်းထဲမှ ထွက်လာခဲ့သည်

အချိန်သည်လည်းတိုက်ဆိုင်ပါ့
လှေကားထစ်မှ တစ်လှမ်းချင်း
တည်ငြိမ်စွာ ဆင်းလာသော
All Blackနှင့်ဦးဂျွန်သည်လည်း
ပြုံးပြနေသယောင်
၁၀ခါ၁ခါမှ မနက်ခင်းတွင် ၂ယောက်သားဆုံကြခြင်းပါ..
နောက်များ စကားကောင်းကောင်းပြောရလျှင် အခြားအရောင်လေးတွေကိုလည်း ဝတ်ဖို့ ပြောပြရဦးမည်

"ဦးဂျွန် မနက်စာ စားမလို့လား"

"မင်းချက်ထားလို့လား?"

"ဒီနေ့ မနက်စောစောနှိုးနေတာနဲ့
ပဲငပိဟင်းရည်လေး ထချက်ထားလိုက်တာ
တခါတည်း စားမလား မြည်းကြည့်လေ နော်"

တရေးမှ ကောင်းကောင်းမအိပ်ခဲ့ရသည်က 
မိမိသာ အသိ
အတွေးနယ်ချဲ့ခဲ့သည်လေ

"အင်း"

"ဒါဆို ခဏလေး ကျွန်တော် နွှေးလိုက်မယ်"

"အေးဆေးလုပ်"

ပဲငပိဟင်းရည်အိုးလေးကို
တဖန်ပြန်တည်လိုက်သည်
ပဲပြားများကိုလည်း ယူခုမှထပ်ရန် ပြင်ဆင်ပြီး အတုံးလိုက် လှီးထားသည်
အစပ်ကြိုက်သည်မို့
ငရုတ်သီးလေး ထပ်ခတ်ရန်
ရေခဲသေတ္တာထဲမှ ထုတ်ယူကာရေဆေးယူပြီး
လှီးလိုက်သည်
ပွက်လာလျှင် ထည့်ရန်အသင့်...

"ရပြီလား?"

"......."

Jungkook ဒီလိုတွေ ခဏခဏလုပ်လျှင် ကျွန်တော်ရူးမည်
ယခုလည်း  Gasမီးဖိုနားရပ်နေသော
ကျွန်တော်၏နောက်တွင် ကပ်လျက် လာရပ်သည်
ထပ်တိုးလာလျှင်
သူ့ရင်ခွင်ကျယ်ထဲ ကျွန်တော် မြှုပ်ရောပေါ့
လက်တစ်ဖက်သည်ကား
မီးဖိုစင်ပေါ်ကို ထောက်လျက် လက်တစ်ဖက်က
ကျွန်တော့် ပုခုံးပေါ်တွင် ရှိ၏

လက်ဆိုလို့??
Tattooရေးရေးလေးတွေက ဘယ်ဘက်လက်မှာပါလိမ့်?
သူတစ်ကိုယ်လုံး လုံအောင်ဖုံးထားသော အနက်ရောင်ဝတ်စုံတွေ ဝတ်ဆင်ရခြင်းကရော
ဘယ်လိုသဘောမျိုးနဲ့ပါလိမ့်
အခုတော့ Tattooတို့မတွေ့
ရင်တုန်ရသည့်အထဲ ထိုTattooကခေါင်းထဲရောက်လာသေး

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now