Part 13🍂Zawgyi

1K 53 2
                                    

ပြီးဆုံးခဲ့သော၂ နှစ်တာကာလက မြက်ခင်းစိမ်းပေါ်က လူသားလေး
အခုသူကြောင့် စိတ်ဝေဒရှင်လို ဖြစ်နေရတယ်
ကျွန်တော်ကို စွဲလမ်းနေတယ်
ကျွန်တော်ကို တွယ်တာနေတယ် ဆိုသည့် ဤလူသားလေး.......
အမှန်ဆို ကျွန်တော်ရှုပ်ရှုပ်ရှပ်ရှပ်တွေ မကြိုက်
အေးဆေးဘဲနေချင်မိသည်
အိမ်လူနဲ့ပင် စကားသိပ်ပြောသည်မဟုတ်
ယခုကိစ္စဟူသည် ကျွန်တော်နဲ့လားလားမျှ မဆိုင်
ကျွန်တော် ပြုစားထားသည်လည်း မဟုတ်ရ

သို့သော်
ကျွန်တော် ကူည်ီချင်သည်
ကျွန်တော် မပြုစားသော်လည်း
ပထမဆုံး အနီးကပ်တွေ့လိုက်ရသော
ဆေးရုံဝတ်စုံပွပွလေးထဲက လူသားသေးသေးလေး၏
ငွေ့ရည်ဖွဲ့နေသော မျက်ဝန်းတွေက ကျွန်တော်ကို တဖန် ပြုစားထားသည်
ကျွန်တော် ပြုစားခြင်းမဟုတ် ပြုစားခံခဲ့ရတာဗျ......

~~~~~~

"ဆရာ ကျွန်တော် ဘယ်တော့ဆေးရုံက ဆင်းရမလဲ"

"Jiminလေးက ဆင်းချင်ပေါ့လားဘာလို့လဲ ဆရာဆေးထိုးအပ်ကို ကြောက်လို့လား?"

"ဟားဟား ယောက်ျားပါဗျ ကြောက်စရာလား? ဒီလိုပါ ကျွန်တော်က....
ကျွန်တော် Jungkookကို ချော့ရဦးမှာမို့ပါ
ပြီးတော့ ကိုရီးယားပြန်ရောက်နေတာဘဲ
သူနဲ့နေချင်သေးတာပေါ့"

"ဟင် သူနဲ့နေချင်တယ်??  Jiminလေးလက်လျော့
သူကဖြင့် အနေစိမ်းလွန်းတယ် အေးလွန်းတယ်နော်
လူတိုင်းကို ဂရုစိုက်တာမဟုတ်ဘူး"

"ဆရာကလည်း Japanမှာလည်း တူတူနေ...ဘာမှဟုတ်တော့ဘူး"

"သြော် Jungkookနဲ့နေနိုင်တယ် နေတတ်တယ်ပေါ့"

"သိပါတယ်  Jungkookကနည်းနည်းလေး အတ္တကြီးပြီးဇီဇာကြောင်တယ်မလား?"

"ဟားဟား Jungkook ကြားရင် ဆွေ့ဆွေ့ခုန်နေတော့မယ် ဟားဟား"

"ဟီးဟီး"

"ကျွန်တော်ရောက်လာပါပြီ"

"Jungkook.....လာ လာ ကျွန်တော်ဆီ အာမဟုတ်ဘူးဘဲ ကိုယ့်ဆီလာ..ဟီး"

"Jimin ဆင်းမလာနဲ့ ကျွန်တော်လာနေပြီလေ"

သူဆီလာဖို့ ကုတင်ပေါ်မှဆင်းမယ်ကြံနေသော လူသားလေးအား လှမ်းတားလိုက်တော့
ဆင်းမလာတော့ပေမယ့်
လက်လေး၂ဖက်အား ဆန့်တန်းကာ
သူ့ဆီလာရန် လက်ယှက်ခေါ်နေသည်
ဘယ်လိုပုံစံလေးလဲ လူသားသေးသေးလေးရာ....
"ကိုယ်"ဆိုဘဲ  ဘယ်ချိန်ကတည်းက အကြီးဖြစ်ချင်နေသလဲ ခင်ဗျားလေး....

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now