Part 20🍂Unicode

2.1K 227 5
                                    

"ပန်းခြံဘက် ပတ်ရအောင် Jimin~ssi"

"........"

နားကြပ်နဲ့မို့ ပြောတာကို ကြားပုံမရ.....
စက်ဘီးရပ်ကာမှ မျက်လုံးလေးပြူးလျက်မော့ကြည့်လာသည်

"Jungkook ဘာလို့လဲ"

"ပန်းခြံဘက် ခဏပတ်ရအောင်လို့  မမှောင်သေးဘူးလေ"

"အာ Jungkookလည်း ဆေးဘူးဝယ်ရဦးမှာမလား သွားစို့လေ... "

"ကျွန်တော်ဝယ်မယ်မပြောမိပါဘူး"

"ကုန်နေပြီကို ဝယ်လိုက်တော့
တီတီဆီက မုန့်ဖိုးနဲ့လေ နော် နော်
ကိုယ်လည်း အဲလိုဆိုင်တွေမရောက်ဖူးဘူး....ဟီး
ပန်းချီဆရာကလည်း လုပ်ပါဗျ"

"အကုန်သုံးကြည့်လိုက်ရမလား"ဟုဆိုကာ ဝမ်ရွက်တွေကို ထုတ်၍ ရမ်းပြသည်
ယုန်သွားလေးလည်းနည်းနည်းပေါ်လာတာပေါ့
ဘာကိုသဘောကျသွားပါလိမ့်?.....

**Jiminချွဲတာလေးကိုပေါ့**

"Let's Go......"

၂ယောက်သား
Martမရောက်ခင် တော့ပိုကီဝယ်စားမိသေး

" Jungkook အပြန်ကိုယ်နင်းပါ့မယ် "

"မလေးပါဘူး ကျွန်တော်လည်း မမောဘူး"

"ညောင်းနေမယ်လေ"

".........."

~~~~~~~~~~

"WOW"
"Jungkook ဒါလေး"
"ဒီအရောင်လေးရော လှတယ်"
"အယ်... ဒီစုပ်တံက တစ်မျိုးပါ့လား"
"Jungkook.. Jungkook... ဒီsetလေးယူ"

တောသားလေး ခေါ်လာမိသလိုဘဲ
သူအတွက် တအားတွေ ထူးဆန်းနေတာ
ဆေးဘူးတွေကြည့်တာ သဘောကျလိုက်
စုပ်တံလေး ကောက်ကိုင်လိုက်
နှုတ်ဖျားကလည်း တwow wowနဲ့
မျက်အိမ်မှေးလေးကပါ ပြူးကျယ်ကာ အရောင်တောက်နေသလို...

"Jimin"

"ဟင် ဟင် Jungkookပြီးပေါ့လား
ဒါလေးမယူဘူးလား"

"အိမ်မှာ ရှိတယ်လေဗျ"

"ဒီအရောင်တော့ယူခဲ့ပါ"

"အင်းပါ သဘောJiminကြိုက်တဲ့အရောင် ၃ဘူးယူခဲ့"

"Yes Sir ဟီး ဟီး"

"မနိုင်ဘူး တကယ်"

"........"

တော်တော်နဲ့ မပြန်လို့ ဇွတ်ဆွဲခေါ်လာရသည်
မသိရင် သူကပန်းချီဆွဲမယ့်သူလိုဘဲ
လက်ထဲက ဆေးဘူးတွေ ကြည့်တာ
သဘောတကျ ရယ်မောနေလျက်

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now