Part 29🍂Unicode

1.8K 158 4
                                    

အဖြူလွင်လွင်ပန်းပွင့်သေးသေးလေးများနှင့်အတူ...
ညနေ မရောက်တရောက်ဆည်းဆာချိန်တစ်ခု...
ဤလူသား၂ယောက်...
ခံစားနေရသည့် အချစ်ဓာတ်တွေ...
မှတ်တမ်းတင်ထားသင့်သလား...........။

"ဒါကလည်း ကိုယ့်အတွက် ပထမဆုံးဘဲ မူပိုင်"

"ပေးမိတာ စောသွားပြန်ပြီ!"

"ဟင်!!"

မျက်လုံးလေးပြူးကာ
ပွေ့ချီထားရမှာချ၍ ခေါင်းတွင်တွင်ခါသည်။

"မစောပါဘူး မူပိုင်ရာ....မစောဘူး"

"အဲ့လောက်သဘောကျမယ်မှန်း စိတ်လှုပ်ရှားမယ်မှန်းမသိခဲ့ဘူး.... Hyungကလေးပေါက်ကို Aigoo~"

"......."

ပိုမိုထွားကြိုင်းနေသည့် ခန္ဓာကိုယ်က
ရင်ခွင်တွင်းကို ခေါင်းမှီချလာကာ ကျောပြင်အား
ဖက်တွယ်လျက်.....
အမေးစကားကို မဖြေဘဲ ခေါင်းတိုးဝင်ပုံက
ချွဲနေသယောင်......။

"ဒီနှစ်တွေအတွင်း ဘာလို့မတောင်းဆိုခဲ့သလဲ?
ဒီလောက် သဘောကျနေတာကို ဘာလို့......"

"ကိုယ့်ရချိန်တန်ရင် ရလာလိမ့်မယ်တွေးထားလို့ ထင်တယ် အခုတော့ ရလာပြီလေ
ဒီအနမ်းတစ်ပွင့်...
ဘယ်လောက်တောင် တန်ဖိုးကြီးလိုက်သလဲ?"

"......"

"ကိုယ် မူပိုင်အပေါ် တအားသိတတ်တယ်မလား?"

"အင်း......."

အင်း!!
တအားသိတတ်ခဲ့ပါတယ် စောင့်ထိန်းခဲ့ပါတယ်
၂ယောက်တည်းရှိချိန်သာလုပ်ချင်ရာကို တဇွတ်ထိုးဆန်ဆန်လုပ်တတ်
ချွဲချင်ရာချွဲတတ် စကားနားမထောင်တတ်ပေမယ့်
လူ့မြင်ကွင်းမှာ လုပ်ချင်ရာရှိလာလျှင်
အငယ်ပီပီ ခွင့်တောင်းတတ်သည်။
အခုလို အနမ်းလား?
ကျောင်းတက်လာသည့်နှစ်တွေမှာ နှုတ်ခမ်းပါးတွေဆီက ဘယ်နှစ်ကြိမ်အနမ်းခံခဲ့ရသလဲ ရေကြည့်လို့ရသည်။

"အဟွန်း.....စောင့်ထိန်းတာပါ
ကိုယ့်စိတ်ကို နိုင်အောင် ထိန်းထားတာ အတိအလင်း ပိုင်ဆိုင်ရရင် ကိုယ့်လက်ကပြေးမလွှတ်စေရဘူး...."

"စကားကို ဘယ်လိုတွေပြောနေတာ?ချီးကျူးလို့ကိုမရဘူး"

"ဘွဲ့ယူပြီးရင်.....တန်းပိုင်ဆိုင်ချင်ပေါ့"

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now