Part 24🍂Zawgyi

751 50 0
                                    

စောင့်မျှော်နေသော သဘက်ခါ
ယနေ့အဖြစ် အသက်ဝင်လာလေပြီ...

တနေကုန်ပြင်ရင်းဆင်ရင်း
ညနေဆည်းဆာချိန်တွင်တော့
အသိမိတ်ဆွေအနည်းငယ်ဟာ
ခြံ၏မြက်ခင်းပြင်တွင် နေရာယူလျက်
၂ဖက်မိဘတွေက စကားပြောဆိုဧည့်ခံနေသည်

အင်း....
Jungkookကလား?
သူ့စိ်တ်ကြိုက် ဆင်ပါရစေဟုဆိုကာ
ဟောဒီက Park Jiminလေးကို All Whiteနှင့်
သူကတော့ All Black...

အနက်ဝတ်ထားတာမို့ 'ဦးဂျွန်'လို့ သွားခေါ်ရင်
နှုတ်ခမ်းပါးက ဆူလာဦးမှာ!

"Hyung~~~"

"ဟင်!ဟင်! အင်း.....Jungkook"

"သွားစို့လေ အောက်ကို"

"အင်း အင်း.."

"စိတ်လှုပ်ရှားရင် ကျွန်တော်လက်ကို ဖိဆုပ်ထားလိုက်
နာရင် နာပါစေ ဒါနဲ့...."

"ဘာလဲ?"

"ဒီနေ့ထိ အရာထင်မယ်မှန်းသိရင် မကိုက်ပါဘူး
အခုကျ မပျောက်နိုင်ဘူး... ကျစ်..ဆေးရော လိမ်းသလား?"

ထိုစကားကို ဆိုရင်း မျက်မှောင်ကြုတ်ကာ
လည်တိုင်က ခပ်ရဲရဲအရာလေးကို တို့ထိလာသည်...

"ဘာ....ဘာလို့... မေးနေတာလဲ?
နောက်နေ့ကျ ပျောက်လိမ့်မယ်! သွားစို့"

"နောက်မကိုက်နဲ့လို့တော့ မပြောဘူးဘဲ
အား.....
Park Jiminတို့များ
ကျွန်တော်ကို အလိုလိုက်ချက်"

"မင်း.....ဆက်ပြောမှာဆို နေခဲ့တော့"

"အားဖြည့်ပေးဦး ၁မိနစ်လောက်" ဟုဆိုတော့
မျက်စောင်းမှေးမှေးတစ်ခုအား
မျက်နှာထက် ဆင်မြန်းကာ
ကျွန်တော်ရင်ခွင်ထဲ ရောက်လာလေသည်
ပြောသားဘဲ ကျွန်တော်ကို
အလို မလိုက်တာလည်း မဟုတ်ဘဲနဲ့!

အောက်ရှိ မြက်ခင်းပြင်ဆီသို့ ဆင်းကာ
လာရောက်သည့်မိတ်ဆွေတို့ကို မိတ်ဆက်ရသည်
အသိမိတ်ဆွေ အနည်းငယ်ဆိုသည်ထဲ
ကျွန်တော်တို့၂ယောက် သိတဲ့သူဆို၍
NamJoon Hyungတစ်ယောက်သာလျှင်
၃ယောက်သား စကားလက်ဆုံကြလျက်
ခဏနေတော့ ဆေးရုံက အရေးတကြီးခေါ်၍ ပြန်ထွက်သွားသည်

လူနည်းနည်းရှင်းချိန်......

"Jimin! ပင်ပန်းပေါ့လား?"

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now