Part 23🍂Unicode

1.8K 202 1
                                    

"Jungkook...ka......"

"ချစ်တယ်....ချစ်တယ်လို့..."

"......."

"ဒီလူက ဒီလောက်ရူးနေတာ
သိတယ်မလား?"

"အင်း....."

"ကျွန်တော်တို့ ၂ယောက်လုံးချစ်နေပြီဘဲ ကျန်တာလိုသေးလား? "

"မင်းက.... မင်းက.... ချစ်ခွင့်ပန်လို့လား
ပိုင်စိုးပိုင်နင်း စေ့စပ်ဖို့ တန်းပြောတယ်
ငါကရော အဖြေပေးဖူးလို့လား? "

"ဒါဆို အခုက အဖြေမတောင်းမိလို့စိတ်ဆိုးတာလား
ပိုင်စိုးပိုင်နင်းပြောလို့လား
ချစ်ခွင့်မပန်လို့လား ဆိုပါဦး
ကျွန်တော်က အလိုကျ ဆောင်ရွက်ပေးမယ်"

"ပြောမှသိတဲ့သူကို
အလိုက်မသိတတ်ဘူးလို့ ခေါ်တယ် "

"Jiminကလည်းဗျာ...."

"......."

"အိမ်ရောက်မှ ကျွန်တော် အပေါ်ဆက်ဆိုးပါ
တစ်သက်လုံး ဆိုးရသေးတယ်နော်...
တစ်သက်လုံး.....အခုတော့ ပြန်စို့....."

"......."

"Jimin....
စကားလမ်းကြောင်းလွှဲတယ်နော်
ကျွန်တော် ချစ်ကြောင်းပြောနေတာကို...
ဘယ်ကဘယ်လို အပြစ်သား လုပ်လိုက်တာလဲ?"

"မှောင်....မှောင်ပြီ ပြန်စို့"

"ခဏ...."

"......"

နမ်းပြန်ပြီ !
ဒုတိယအကြိမ် ဤမျက်ခွံတွေပေါ်သို့
နှုတ်ခမ်းပါးဆီမှ ခပ်နွေးနွေးအထိအတွေ့
တင်းကြပ်လှသော ဖက်တွယ်မှု
ထို့နောက် ပုခုံးပေါ်သို့ စောင်းကျလာသော ဦးခေါင်း

"ပင်ပန်းနေတာတွေ ပေါ့သွားသလိုဘဲ
ဒီလိုနေလိုက်ရင်"

"Jung...."

"Jiminပုခုံးက ကျွန်တော်ကို
သက်တောင့်သက်သာရှိအောင် အားတွေပေးနေသလို....
နွေးထွေးမှုရော အားပေးမှုရော
ပြီးတော့ ကျွန်တော်ကိုစိတ်ပူနေတယ်ဆိုတာရော အကုန်ခံစားရတယ်"

"ဘာလဲ ဘာလို့လဲ ခေါင်းမူးလို့လား?
အိမ်ပြန်နိုင်ပါ့မလား?"

"ဟက်...ကျွန်တော် ပြောသားဘဲ
Jiminကျွန်တော်ကို စိတ်ပူနေတာရော ခံစားရတယ်လို့
Telepathyများလား?"

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now