Part 31🍂Unicode ~End~

3.9K 215 8
                                    

"ကိုယ်တို့ လသာဆောင်ဘက်မှာ ဝိုင်သောက်စို့ မူပိုင်"

ပွဲအခမ်းအနားမပြီးမချင်း လာရောက်သည့်ဧည့်သည်များအား နှုတ်ဆက်ရင်း
မထိုင်ရ...။
လူကြီးတွေသည်လည်း companyကရှယ်ယာရှင်များရောက်လာတိုင်း
'ဒါက သားမက်လေးလေ'
'ဘယ်မှာကျောင်းပြီးတာ'
'ဘာဘွဲ့ရထားတာ' စသည့် အကြောင်းအရာသေးသေးလေးများကို
ဂုဏ်ယူစွာ ပြောနေတတ်သည်။
တကယ်ဆို ကျွန်တော်တို့ ၂ယောက်လုံးက နိုင်ငံခြားမှာ ကျောင်းသွားတတ်နိုင်ရုံတင်
ပညာရေးတွင်
တအား ထူးချွန်ကြသူများလည်းမဟုတ်။
သို့သော်...... မိဘတွေရဲ့ဂုဏ်ယူနေသည့်အပြုံးဖြင့်
လာရောက်သူတိုင်းကို ပြောနေပုံက ကြည်နူးစရာ။

တစ်လျှောက်လုံး ဧည့်ခံကြရင်း သူနေရာနှင့်သူ ပင်ပန်းကြသူ များပြားသည်မို့..
အလုပ်သမားလေးများမှစ၍ သိမ်းဆည်းပြီးကတည်းက အလျှိုလျှိုကိုယ်နေရာနှင့်ကိုယ် အနားယူကြသည်။

မင်္ဂလာဦးအခန်းအတွက်သည်ကား Jungkook၏အခန်းကိုသာ ပြင်ဆင်ပေးထားသည်။
ဘယ်ချိန်ကတည်းက ဒီကောင်လေးကြိုကြံစည်ထားသလဲမသိ!

"တစ်ခန်းလုံး အဖြူလေးနဲ့ ဟုတ်နေပြီကို
ဘာလို့ အိပ်ယာခင်းက အနက်ရောင်လဲ?"

"အဟမ်း...မြင်သာအောင်လို့"

"ဘာကိုလဲ?"

"ဒါက ဒီလိုပါဘဲ မူပိုင်ရာ
ဒီလိုပါဘဲ နောက်တော့ သိသွားမှာပေါ့"

"မေးတာကို...သေချာမဖြေဘူး!"

"ကိုယ့်အမျိုးသားလေး ရေချိုးတော့
ကိုယ်လည်း အခုချိုးချင်နေလို့ ဟိုဘက်အခန်းသွားချိုးမယ်နော် ရေနွေးနွေးလေးနဲ့ချိုး... ပြွတ်စ်"

"အား...ညစ်....ညစ်ပတ်နေတာကို...."

"ချစ်တာကိုလို့..."

*အား.....စကားပြောတာကိုက!
Park Jimin...
ဒါ နင့်လူလေ နင့်အပိုင် နင့်အမျိုးသား ရှက်မနေနဲ့*

ရေမိုးချိုးပြီး အဝတ်လဲကာ အခန်းထဲ ထိုင်နေရင်း
ခဏနေတော့ပန်းချီဆရာရော ရေချိုးပြီး ပြန်ရောက်လာသည်။
အဝတ်အစားလေး အဆင်သင့်ထုတ်ပေးထားတော့
ယုန်သွားတွေပေါ်အောင် ပြုံးနေလိုက်ပုံများ
ကိုယ်ပါ အသည်းယားကာ ခြေဖျားထောက်၍ ဆံသားတွေကို ဖွမိသည်အထိ...

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now