Part 3🍂 Zawgyi

2.4K 76 1
                                    

"Jeon.....
မျိုးရိုးနာမည်က ဗိုလ်ဆန်းသား...."

"ဒါနဲ့  ငါတွေ့ခဲ့တဲ့ လူကရော??
ပုံစံက ငါထက်ကြီးမယ်ပုံဘဲ အရပ်က ရှည်သလိုလို လူကောင်လည်း ထွားတယ် "

"တော်သင့်ပြီ Park Jimin မင်းတအားတွေးတာဘဲ မင်းနဲ့ဘာဆိုင်"

"&%%$&&*$%%&"

Jiminတစ်ယောက် စိတ်စွဲချက်က တစ်ယောက်တည်း အခန်းထဲ နေရင်း
ပွစိ ပွစိပြောနေတော့သည်။

~~~~~

္ဆနောက်တစ်နေ့ မနက်တွင်တော့
မေကြီး၏ အမိန့်တော်ကြောင့် အပင်များ ရေလောင်းနေခြင်း

ကျွန်တော်ဆိုတာက စိတ်ဖြေရာကို တစ်ခုမဟုတ် တစ်ခု ရှာတတ်သည်လေ
ကလေးဆန်တယ်ထင်ရပေမယ့် ရင့်ကျက်နေပါပြီဗျာ
ငယ်ငယ်ကလို ဆုံးရှုံးစရာရှိလာရင် မငိုတတ်တော့ဘူး
အရာရာကို အစွဲအလမ်း မကြီးတော့ဘူး

ပိုင်ဆိုင်ပြီးသား ဆုံးရှုံးရရင် နှမြောပေမယ့်
ရှုံးပွဲချ မငိုတော့ဘူး
"မထိုက်တန်လို့" ဆိုတဲ့ အတွေးကို တွေးပြီး  စိတ်ငြိမ်အောင်လုပ်တယ်
ငိုနေလို့လည်း ပြန်ရနိုင်တဲ့အရာမဟုတ်ရင် စိတ်ပင်ပန်း လူပင်ပန်းတာမို့

ကိုယ့်ကိုကိုယ်ချစ်တတ်လာတာလို့ ခေါ်လည်းရသည်လေ
တကယ်လည်း ကျွန်တော်က Love Myselfဘဲ
စိတ်ပင်ပန်းမှာ မလိုချင်တော့ဘူး ပူပန်စရာသိပ်မတွေးတော့ဘူး
အဲ့တော့ ပိုအဆင်ပြေလာရော

လူဘဲဗျာ.......
အစွဲအလမ်းထားတာ မကောင်းပါဘူး...
ဒါကလည်း မချစ်တတ်သေးလို့ဘဲလားတော့မသိ
ချစ်တတ်လာရင် စွဲလမ်းမှုက ကပ်ပါလာမည်ထင်မိ၏
မထင်ရင် မထင်သလို တခါတလေကျလည်း ကျွန်တော်က အသည်းမာတတ်သေးသည်

ထိုစဉ် အိမ်ရှေ့က bellမြည်လာသည်....

တံခါးဖွင့်လိုက်သောအခါ
အိမ်ဟောင်းကြီးက မနေ့ကတွေ့ခဲ့သည့် အမျိုးသမီး

"ဟုတ် အန်တီ ဘာကိစ္စရှိလို့လဲ မသိဘူးဗျ"

"မရှိပါဘူး သားလေး အန်တီတို့က အခုမှ
ဒီအိမ်ကို ပြန်ပြောင်းလာတာဆိုတော့ နောက်ရောက်တဲ့သူတွေကို မရင်းနှီးသေးဘူး
ဒါကြောင့် ဆန်မုန့်လိုက်ဝေရင်း စကားပြောရင်းပါ"

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now