Part 28🍂Unicode

1.8K 167 1
                                    

မျှော်လင့်ထားတာ အတူတူဘွဲ့ယူဖို့လေ
အခုဘယ်လိုတောင် လုပ်ချလိုက်တာ
ဒီတိုင်းမထားဘူး ပန်းချီဆရာ!!!!!!

"ဟဲ့ သား သား ဘယ်သွားမလို့လဲ အမေပြောတာ နားထောင်ဦးလေ"

"မလိုဘူး သား သွားရှင်းမှာ"

"ဟဲ့ ဘာကိုတုန်း?"

"သူ.... သူ မလို့လုပ်ရဲတယ် ပြောတော့ စေရာအတိုင်း...."

စကားမဆုံးခင် ကျွန်တော်အား ခေါ်လျက် ပြုံးပြကာ ဝင်လာသည့် ပန်းချီဆရာအဖြူလွင်လွင်
တအားတွေ တောက်ပနေတယ်ပေါ့ ဟုတ်လား??

"Hyung~~~"

"အေး တွေ့ချင်နေတာနဲ့ အတော်ဘဲ"

"ဗျာ"

"မင်း! ပြောတော့မင်းဘဲ ငါ့စေရာအတိုင်းဆို
ဘာနေနေ ငါ့အလိုကျဆို
အခုဘယ်လိုတောင် လုပ်ချလိုက်တာလဲ?
ဘာ masterတန်း? မင်းကို အဲတာပါအောင် ဖြေမလာနဲ့လို့ ငါမပြောဘူးလား
ငါအဲ့လောက်စာမတော်ဘူးလို့ ပြောတယ်မလား?
ငါ....ငါထုတ်မပြောမိတာဆိုလို့ မင်းနဲ့အတူတူဘွဲ့ချင်တယ်လို့ဘဲ မပြောမိတာ
အခတာ့ သွားပြီ s**t အား!!!..."

"Jimin...ကိုယ်မေးပါရစေဦး"

"သား ဘာတွေပြောနေတာတုန်း?"

"တော်ဗျာ ဘာမှမကြားချင်ဘူး...."

"Jimin ကိုယ့်သာကြိုက်သလောက်ဆူ
အမေကို အဲလိုမလုပ်နဲ့လေ"

"ငါ့ကို ဆရာလာမလုပ်နဲ့ စာဂျပိုးမှန်ကြောင်ရဲ့!"

လာပြန်ပြီ ဒီမှန်ကြောင်!!
စာသင်နှစ်အတွင်း အာရုံတအားစိုက်ခဲ့ခြင်းတွေရော
ယခင်က  တခါတရံ ပန်းချီဆွဲခြင်းအပေါ် အာရုံစိုက်မှုတွေရော ဒဏ်အမျိုးမျိုးကြောင့် မျက်ရိုးကိုက်သည်မို့ တပ်ထားရသည့် ဒီမျက်မှန်....
တဆိတ်ရှိ ဒီမျက်မှန်လေးသာ လာလာ တိုက်ခိုက်နေတော့သည်.....။

"ဟဲ့ Park Jimin တိတ်စမ်း
ဒီမအေ ပြောတာနားထောင်
ဘာကိစ္စ Jungkookလေးကို ပတ်ရမ်းနေတာလဲ?"

"မေကြီးဘဲ သူmasterတန်းပါတယ်ဆို
သားကမပါစေ....."

"ကိုယ် မပါဘူးလေ မူပိုင်ရာ"

"ဗုဒ္ဓေါ....Jungkookပါတယ်လို့ မပြောမိပါဘူး
ငါ့သားရယ် လွဲချက်ကတော့....
ဘူဆန်ကလေ မင်းအဘွားရှိစဉ်က အလုပ်လုပ်ပေးတဲ့ အန်တီကြီးလေ အယ် သူ့သမီးလေ...သူ့သမီးပါတာ.....
သူပါတာကို ပြောတာဟဲ့
ဟိုက ဝမ်းသာအားရ လှမ်းပြောရှာတာ မင်းက ဘာထင်နေတာတုန်း??"

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now