"ဖက်ထုတ်ပူပူနွေးနွေးလေး...အဲလေ မှားလို့... ကော ဒီမှာဖက်ထုတ်ဆူနေပြီ"
အငွေ့တထောင်းထောင်းထနေသောဖက်ထုတ်ပြုတ်ပန်းကန်ကို တူနှစ်ချောင်းကိုလက်နှစ်ဖက်မှာခွဲကိုင်ပြီး စားပွဲပေါ်တစ်ဖက်တစ်ချက်ဆီထောင်ထားတဲ့ရှောင်းကျန့်ရှေ့သို့ရီပေါ်ချပေးလိုက်သည်။ ဒီလိုဆိုလို့ ဒီဖက်ထုတ်ကိုဝမ်ရီပေါ်လုပ်တယ်လို့များအတွေးမမှားကြစေလို၊ ရှောင်းကျန့်ကိုပိန်လွန်းလှပါသည်ဆိုပြီး ကြည့်မရဖြစ်နေတဲ့ရှောင်းမားမားနဲ့ သားမက်ကလေးပိန်တာသားတော်မောင်စွတ်စားနေလို့ဟုနေ့တိုင်းနီးပါးစွဲချက်တင်နေသော ဝမ်မားမားတို့ပူးပေါင်းကာဖက်ထုတ်လုပ်ပြီး အိမ်သို့လာပို့သွားခြင်းပင်။ မားမားတို့ကတော့ပေကျင်းမှာဆေးစစ်ပြီးပြီးချင်းပြန်မှာလို့ဆိုကာ အိမ်မှာတောင်နားနားနေနေမနေတော့ဘဲ ချက်ချင်းတန်းပြန်သွားကြသည်။ ကျန့်ကျန့်လေးစားခါနီးရင် ပူပူလေးစားရအောင်မိုက်ခရိုဝေ့ဗ်ထဲထည့်နွှေးပေးလိုက်ဟုပြောခဲ့တဲ့ဝမ်မားမားကြောင့်... အဲ...ဝမ်ရီပေါ်ကတော့ အလှုူ့လက်ဖက်နဲ့မျက်နှာလုပ်တယ်ပေါ့လေ...
"ပူတယ်ကော၊ ဖြည်းဖြည်းစား"
ဖက်ထုတ်ပူပူကိုနှုတ်ခမ်းချွန်ချွန်နှင့်အတင်းတေ့နေသောရှောင်းကျန့်ကြောင့် ရီပေါ်ရေတစ်ခွက်ငှဲ့ရင်းသတိပေးလိုက်ပေမယ့် နောက်ကျသွားပြီ။
"အ...ပူသွားပြီ"
နှုတ်ခမ်းလေးထော်ကာပြောလာသောရှောင်းကျန့်ကြောင့်ရီပေါ်ရေခွက်ကိုကမ်းပေးလိုက်ရင်းဆိုလိုက်သည်။
"ပူမယ်လို့ကျွန်တော်ပြောနေသားပဲ၊ ကျန့်ကောကလောနေတာကို"
"ငါဗိုက်ဆာနေတာကိုးလို့"
ချွန်နေတဲ့နှုတ်ခမ်းကိုအတွင်းပြန်ထည့်ကာဆူဖောင်းဖောင်းပါးစပ်လေးလုပ်ရင်းပြောလာတဲ့ရှောင်းကျန့်ကြောင့် ရီပေါ်မှာအပြစ်မတင်ရက်ပါ။
"ဟုတ်ပါတယ်ဗျာ၊ ဟုတ်ပါတယ်၊ ကောမမှားဘူး၊ ဖက်ထုတ်မှားတာ၊ ကျွန်တော်ဖက်ထုတ်ကိုရိုက်လိုက်ရမလား"
ဇွန်းတစ်ချောင်းနှင့်ဖက်ထုတ်ကိုခပ်စပ်စပ်လေးပုတ်လိုက်တော့ ရှောင်းကျန့်ကရီပေါ်လက်ကိုလှမ်းဆွဲရင်း ပြောလာသည်။