Chapter 107

142 28 4
                                        

နှင်းတို့ထူထပ်စွာကျနေသည့် TongChuan မြို့တစ်နေရာတွင် ကင်မရာမီးရောင်များအောက်ဝယ် သွက်လက်စွာလှုပ်ရှားနေသည့် ကောင်ငယ်လေးတစ်ယောက်ရှိလေသည်။ ထိုသူကတော့ အခြားမဟုတ်...ခင်ဗျားတို့ရဲ့အသည်းအသက်အစိမ်းလုံးလေး ဝမ်ရီပေါ်ပေါ့။ တစ်နည်းပြောရရင်တော့ ရှောင်းကျန့်ရဲ့အိမ်ဦးနတ်ကြီးဝမ်ရီပေါ်ပါပေါ့။ လွန်ကဲစွာအေးနေသည့်အပြင် နှင်းများကျတတ်သောတောင်ပေါ်ဒေသဖြစ်သည်မို့ ဝမ်ဝက်ပေါက်လေးမှာခပ်ကုတ်ကုတ်နှင့် ခုန်ဆွခုန်ဆွဖြစ်နေကာ ပါးနားတို့မှာလည်းအအေးဒဏ်ကြောင့် နီရဲတက်နေသည်။

ရိုက်ထားသောအခန်းများပြန်ကြည့်ပြီး ဒါရိုက်တာနှင့်မန်နေဂျာတို့ဆွေးနွေးနေသည့်အချိန်တွင် ဝမ်ရီပေါ်လည်းသူ့အကျင့်အတိုင်းစကိတ်ပေါ်ဖင်ထိုင်ချကာရှေ့နောက်ဆွဲနေပြီး ဖုန်းကိုပွတ်နေသည်။ ထိုစဉ်တောင်ခနဲဝင်လာသောစာလေးကြောင့် နီရဲကာစူထော်ထော်ဖြစ်နေသည့်နှုတ်ခမ်းမှာပြုံးယောင်သန်းသွားသည်။

*ခွေးပေါက်လေး ရိုက်ကူးရေးလုပ်နေတုန်းပဲလား

ဝင်လာသောစာကိုဖတ်လိုက်ပြီး ဖုန်းစခရင်မ်ပေါ်သို့ခပ်မြန်မြန်ပင်တတောက်တောက်ရိုက်လိုက်သည်။

*ပြီးတော့မှာကော၊ ဒီညပိုင်းရိုက်ကွင်းမရှိဘူး😘

စက္ကန့်ဝက်မျှသာခြားကာပြန်ဝင်လာသောစာကိုကြည့်ပြီး ရှောင်းကျန့်ကျေနပ်သွားသည်။

*အာ...ကောကဒီည၇နာရီထိရိုက်ကူးရေးရှိတာ😮‍💨

*ကျွန်တော့်လောင်ဖောလေးပင်ပန်းနေတော့မှာပဲ😞

*မပင်ပန်းပါဘူး၊ ခွေးပေါက်လေးသာချမ်းအေးပြီးပင်ပန်းမှာ😢

စာပို့နေရင်းနှင်းများကြားတိုက်ခတ်လာသည့်လေအေးကြောင့် တစ်ချက်တုန်သွားကာအနွေးထည်အရှည်ကိုပို၍တင်းအောင်ဆွဲခြုံလိုက်သည်။ ထို့နောက်စာဆက်ပို့လိုက်သည်။

*မအေးပါဘူး၊ နည်းနည်းလေးမှကိုမအေးဘူး😎

*လောင်ဝမ် လူလိမ်၊ ဒီလောက် TongChuan မှာနှင်းတွေကျနေတာကိုမအေးစရာလား😒

Yizhan's Diary💚❤️ Part - IIWhere stories live. Discover now