Chapter 96

825 33 1
                                    

"နည်းနည်းလောက်ခွာပါလား အရမ်းကပ်နေတော့လုံးနေပြီးဓာတ်ပုံထဲမှာ တစ်ယောက်ကိုသေချာမမြင်ရတော့ဘူး"

ကင်မရာပေါက်ကိုကြည့်ကာခေါင်းကုတ်ရင်းပြောလာတဲ့ ကင်မရာသမားရဲ့စကားကိုကြားတော့ ရီပေါ်ကနှုတ်ခမ်းတို့ကိုတွန့်မဲ့ပြီး ဟမ့်ခနဲလုပ်လိုက်သည်။

"အိမ်ထောင်သည်တွေဓာတ်ပုံရိုက်တာပဲ ကပ်မနေလို့ တောင်ဝင်ရိုးစွန်းနဲ့မြောက်ဝင်ရိုးစွန်းလိုခွာနေရမှာလား"

ပွစိပွစိနှင့်ပြောကာရှောင်းကျန့်ခါးကိုအလွတ်မပေးဘဲ တင်းကျပ်နေအောင်သိမ်းဖက်ထားသောဝမ်ရီပေါ်ကြောင့် ရှောင်းကျန့်ကင်မရာသမားကိုခေါင်းညိမ့်ကာပြုံးပြလိုက်ပြီး သွားကြားထဲကထွက်သောလေသံနှင့် ရီပေါ်ကိုတီးတိုးပြောလိုက်သည်။

"ရီပေါ်၊ နည်းနည်းလေးတော့ခွာလေ၊ ဒီလိုဆိုတော့နှစ်ယောက်ထပ်ပြီး မင်းကိုဘယ်မြင်ရတော့မှာလဲ"

"ဟွန့်"

ရှောင်းကျန့်ပြောလိုက်တော့မှရီပေါ်ကနှုတ်ခမ်းဆူကာ ခါးနောက်ကနေဆွဲဖက်ထားတာကိုအနည်းငယ်ဖြေလျှော့ပေးပြီး ဘေးသို့ထွက်လာသည်။ ထိုအခါမှ ကင်မရာမန်းကသက်ပြင်းချပြီး ကင်မရာခလုတ်ကိုနှိပ်ကာဖျက်ခနဲမီးပွင့်လာသည်။ ကင်မရာထဲတွင်ပါသွားသည့်ပုံလေးကတော့ သေးသွယ်သွယ်ခါးလေးကိုပြန်ဆွဲဖက်ကာ အနားကိုပိုနီးစေပြီး ပါးမို့မို့လေးကိုနမ်းလိုက်သည့် ဝမ်ဝက်ပေါက်နှင့် အနည်းငယ်ကိုးယို့ကားနိုင်သောပုံရိပ်နှင့် မျက်သွယ်လေးများဝိုင်းစက်နေသော ရှောင်းယုန်ကြီး။

---------------------------------------------

ကင်မရာမန်းက ရိုက်ထားသောဓာတ်ပုံများကိုကွန်ပျူတာထဲကနေပြန်ပြနေသောအခါ ဝမ်ရီပေါ်ကတပြုံးပြုံးဖြစ်နေသည်။ သူတို့ရှန်ဟိုင်းမှာဆောက်ထားတဲ့အိမ်မှာချိတ်ဖို့ ဓာတ်ပုံအသစ်လေးတွေလာရိုက်ခြင်းသာ။ အိမ်အသစ်အတွက်လို့ပြောပေမယ့် ဓာတ်ပုံထဲတွင် ဘယ်သူခွဲခွဲတို့မကွဲ အမြဲစည်းလုံးကာကော်လိုကပ်နေသော နှစ်ယောက်က ချစ်သူများမှန်းသိသာကာ မင်္ဂလာဆောင်ပြီးခါစဇနီးမောင်နှံဓာတ်ပုံတွေနှင့်တူနေတာတော့အမှန်ပဲဖြစ်သည်။

Yizhan's Diary💚❤️ Part - IIWhere stories live. Discover now